မူဆယ်မှာ တရုတ်ဘက်က ဟင်းသီး ဟင်းရွက် ပုံမှန်တင်သွင်းနေပြီး မူဆယ် - နမ့်ခမ်း ကုန် အဝင်အထွက် ပိတ်ထား

ဒီဇင်ဘာ ၄

မူဆယ်မှာ တရုတ်ဘက်က ဟင်းသီး ဟင်းရွက် ပုံမှန်တင်သွင်းနေပြီး မူဆယ် - နမ့်ခမ်း ကုန် အဝင်အထွက်ကို လတ်တလော ပိတ်ထားကြောင်း နယ်စပ် ဒေသခံတွေဆီက သိရပါတယ်။

"မူဆယ်မြို့ ကနေ ကုန် အထွက်လည်းမရဘူး။ အဝင်လဲ မရဘူး။ တရုတ်ဘက်က မူဆယ်မြို့ထဲ ဟင်းသီးဟင်းရွက်ပဲ ဝင်ပါတယ်။" လို့ နယ်စပ် ဒေသခံ တ‌ေယာက်က ပြောပါတယ်။

မူဆယ် ဆင်ဖြူ - ကျယ်ဂေါင် ဂိတ်ကနေ တရုတ်ဘက်ကို သက်တမ်းရှိသေးတဲ့ လိုင်စင်ကားနဲ့ ဆိုင်ကယ်သာ ကုန်စည် တင်သွင်းခွင့် ပြုထားပြီး တရက်ကို လိုင်စင်ရှိ ကား အစီး ၅၀ နဲ့ လိုင်စင်ရှိ ဆိုင်ကယ် အစီး ၂၀၀ ကိုသာ ကုန်စည် တင်သွင်းဖို့ ခွင့်ပြုထားတယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့ ဝန်းကျင်ကတည်းက တရုတ်ဘက်ခြမ်း ဝင်ရောက်နေပြီးသားဖြစ်တဲ့ လိုင်စင်မရှိ ဆိုင်ကယ်တွေလည်း ရာချီ ပိတ်မိ နေဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။

"မူဆယ်ဘက် ကုန် အဝင်ကို TNLA တွေကပိတ်ထားတယ်။ မူဆယ်ကနေ ကုန် အထွက်ကို စစ်တပ်ဘက်က ပိတ်ထားတယ်" လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။

အဲဒီလို နှစ်ဖက် ကုန် အဝင် အထွက် ပိတ်ထားတာကြောင့် ယာဉ်မောင်းတွေရော ဒေသခံတွေပါ ခက်ခဲ ဒုက္ခ ဖြစ်ရတယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၃၀ ရက်နေ့ကစ မူဆယ် ဆင်ဖြူဂိတ်ကနေ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနမှာ မှတ်ပုံတင်ထားတဲ့ ယာဉ်ငယ်တွေနဲ့ ဒေသတွင်း စားသုံးဖို့ မီးဖိုချောင် ဟင်းသီး ဟင်းရွက်တွေ၊ သား၊ ငါးတွေ ယာယီ သယ်ဆောင်ခွင့်ပြု‌ပေးကြောင်း၊ နိုဝင်ဘာလ ၂၈ ရက်နေ့ကစ မူဆယ်မြို့ ကုန်သည်ကြီးများရုံးမှာ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီ အထိ ကားငယ်နဲ့ ဆိုင်ကယ် တွေကို စိစစ် ဆောင်ရွက်ပေးနေပြီး စာရင်းလာရောက်ပေးသွင်းနိုင်ကြောင်း၊ တရက် မော်ဝောာ်ယာဉ် အစီး ၅၀ နဲ့ ဆိုင်ကယ် အစီး ၂၀၀ ကို မဲနှိုက် ဝင်ခွင့်ပြုသွားမှာ ဖြစ်ကြောင်း နိုဝင်ဘာလ ၂၈ ရက်နေ့မှာ အသိပေးကြေညာထားပါဝယ်။

Photo:Shy V

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image