တောင်ကိုရီးယား သမ္မတရဲ့ စစ်အုပ်ချုပ်ရေးကြေညာချက် နာရီပိုင်းအတွင်း ပြန်လည်ရုပ်သိမ်းလိုက်ရ
ဒီဇင်ဘာ ၄
တောင်ကိုရီးယားသမ္မတက သူရုတ်တရက်ကြေညာလိုက်တဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီးနောက် ဒီကနေ့မနက်အစောပိုင်းမှာတော့ ဆန္ဒပြသူတွေဟာ ပါလီမန်ပြင်ပမှာ အောင်ပွဲခံနေကြပါတယ်။
မနေ့ကည နှောင်းပိုင်းမှာ သမ္မတ ယွန်းဆွတ်ခ်ယိုးလ်က မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့နဲပ နိုင်ငံကို ဆန့်ကျင်ဖျက်ဆီးနေသူတွေကို နှိမ်နှင်းဖို့ လိုအပ်တာကြောင့် စစ်အုပ်ချုပ်ရေး ကြေညာတယ်လို့ ရုပ်မြင်သံကြားကနေ ရုတ်တရက် ကြေညာခဲ့ပါတယ်။
စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် နှစ်နာရီအကြာမှာတော့ ပါလီမန်အမတ်တွေဟာ သမ္မတရဲ့ အမိန့်ကိုဖီဆန်ပြီး အမျိုးသားလွှတ်တော်မှာစုဝေး မဲခွဲကြပြီး ဒါဟာ အခြေခံဥပဒေနဲ့ မညီဘူးလို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ပါလီမန်ကို ချီတက်လာကြတဲ့ ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပါတယ်။
မကြာသေးမီက အရေးပေါ်အခြေအနေကို ရုပ်သိမ်းဖို့ အမျိုးသားလွှတ်တော်ရဲ့ တောင်းဆိုချက်တခုကြောင့် စစ်အုပ်ချုပ်ရေးအတွက် တပ်စွဲထားတဲ့ စစ်တပ်ကို ရုပ်သိမ်းလိုက်ပြီလို့ သမ္မတယွန်းဆွတ်ခ်ယိုလ်းက ဒီနေ့မနက် ၄ နာရီခွဲမှာ ကြေညာခဲ့ပါတယ်။
ဒါဟာ နိုင်ငံရေးအတိုက်အခံတွေကို တန်ပြန်ဖို့ နည်းဗျူဟာဖြစ်တယ်လို့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။ သမ္မတရဲ့ People Power ပါတီကလည်း ဒီလုပ်ရပ်ဟာ မှားယွင်းတဲ့လုပ်ရပ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
တောင်ကိုရီးယားမှာ စစ်အာဏာသိမ်းမှုတခုအတွင်း စစ်အာဏာရှင်ပတ်ချုံဟီး လုပ်ကြံခံရပြီးနောက် ၁၉၇၉ ခုနှစ်တွင် စစ်အုပ်ချုပ်ရေးကို နောက်ဆုံးအကြိမ် အသုံးပြုခဲ့ပြီး ၁၉၈၇ ခုနှစ် အရပ်သားအုပ်ချုပ်ရေးသို့ ပြန်လည်ရောက်ရှိ ချိန်မှစလို့ ကျင့်သုံးခဲ့ခြင်း မရှိပါဘူး။
Ref:BBC
Photo:AFP
#centralnewsnaypyitaw



