အလွယ်တကူ ထမင်းပေါင်းအိုးနဲ့ ချက်တဲ့ ကြက်ဆီထမင်း 😋

အိုးထဲကို ပဲဆီထည့် ပူလာပြီး ဆီကျက်လာပြီးဆို

မီးပိတ် ကြက်အရည်ခွံတွေကိုထည့်ပြီး မီးအေးအေးနဲ့လှိမ့်နေပါ

ကြက်အရည်ခွံတွေထဲက ကြက်အဆီတွေထွက်လာပြီး မွှေးနေ အောင်လို့ပါ

အညိုရောင်သန်းပြီး ကြွပ်လာတဲ့ကြက်အရည်ခွံတွေထုတ်ပြီး ဂျင်း ကြက်သွန်ဖြူ ကရဝေးအနည်းငယ် ထည့်အနံ့သတ်ပါ

ပြီး ကိုယ်ချက်မယ့် ဆန်ပမာနကို ထည့်လှော်လိုက်ပါဗျ ဆီနဲ့ဆန် နယ်သလိုပါ

တည်တဲ့အခါ ရေ အစား ကြက်အရိုး ကြက်သားပြုတ်ထားတဲ့ အရည်ကို အသုံးပြုပြီး

ခုနကလှော်ထားတဲ့ဆန်ကို ကြက်ပြုတ်ရည် နဲ့ ပုံမှန်ထမင်းချက်သလို အချိုစားနဲ့ချက်ပါတယ်ဗျ

ထမင်းပေါင်းအိုးထဲထည့်ချက်တဲ့အခါ အပေါ်ကနေ ခုနကကြော်ထားတဲ့ ကြက်ရည်ခွံကြော်ပါထည့် ချက်စားကြည့် တော်တော်ကောင်းတယ်

image