တောင်ကိုရီးယားသမ္မတ အရေးပေါ် စစ်အုပ်ချုပ်ရေးကြေညာ
ဒီဇင်ဘာ ၃
တောင်ကိုရီးယားနိုင်ငံ
ဆိုးလ်မြို့ အမျိုးသားလွှတ်တော် အဓိကဝင်ပေါက်ရှေ့မှာ ဒီဇင်ဘာ ၃ ရက်ည သန်းခေါင်ယံကျော် (ဒီဇင်ဘာ ၄ ရက် နံနက်အစောပိုင်း) က လူတွေစုရုံးရောက်ရှိနေပြီး အဆောက်အဦအတွင်းဝင်ရောက်ဖို့ကြိုးစားနေတဲ့အတွက် ရဲတွေက ပိတ်ပင်တားဆီးနေတာပါ။
ဒီဇင်ဘာ ၃ ရက်နေ့ညမှာ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol က အရေးပေါ်စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာ ဖြစ်ပါတယ်။
လွှတ်တော်ထဲမှာ ဘတ်ဂျက်ဥပဒေကြမ်းနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်နေချိန်မှာ "ကွန်မအငြင်းပွားမှုတွေ"ဆီက နိုင်ငံတော်ကို ကာကွယ်ဖို့အတွက် ဒီဆုံးဖြတ်ချက်ကို ချမှတ်ရတာလို့ သမ္မတက ပြောဆိုထားပါတယ်။
အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံမှာ သမ္မတ ယွန်ဆွတ်ယောက်က အရေးပေါ်စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း အိမ်ဖြူတော်ကလည်း အင်္ဂါနေ့မှာ ထုတ်ပြန်ပါတယ်။
အမေရိကန်တပ်ဖွဲ့ထောင်ပေါင်းများစွာ အခြေစိုက်နေတဲ့ ကိုရီးယားသမ္မတနိုင်ငံ (ROK) အစိုးရနဲ့ ဆက်သွယ်မှုတွေ ပြုလုပ်နေပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသွားပါတယ်။
Credit - VOA
#သတင်းဟင်းလေးအိုးကြီး


