ထိုင်းဘုရင်၏(၇၂)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက်
ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်း၏ သက်တော်(၇၂)နှစ်ပြည့်အထိမ်းအမှတ်နှင့် ချင်းမိုင်မြို့၊ Royal Park Rajapruek ပန်းခြံ၌ The Royal Project International Conference နှင့် The Royal Project Fair 2024 ဖွင့်ပွဲအခမ်းအနားသို့ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းမှတက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်း၏ သက်တော်(၇၂)နှစ်ပြည့် အထိမ်းအမှတ်နှင့် Royal Project Foundation တည်ထောင်သည့် (၅၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာ (၁)ရက်က Royal Project Foundation က ကြီးမှူး၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အခမ်းနားသို့ ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်းနှင့် မိဖုရား ဆုသိတာတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ဘုရင့်အတိုင်ပင်ခံ ကောင်စီဝင်များ၊ ထိုင်းအစိုးရဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ထိုင်းနိုင်ငံအခြေစိုက် သံရုံး/ကောင်စစ်ဝန်ချုပ်ရုံးများမှ သံအမတ်ကြီးများ နှင့် ကောင်စစ်ဝန်ချုပ်များ၊ UNODC ၏ အရှေ့တောင်အာရှဆိုင်ရာ ကိုယ်စားလှယ်နှင့် ချင်းမိုင်ခရိုင် ဌာနဆိုင်ရာအသီးသီးမှ အဆင့်မြင့်အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
၎င်းအခမ်းအနားအပြီး မြန်မာကောင်စစ်ဝန်ချုပ်က The Royal Project Foundation ဥက္ကဋ္ဌ ဘုရင့် အတိုင်ပင်ခံကောင်စီဝင်၊ ဗိုလ်ချုပ်ကြီး Kampanat Ruddith က တည်ခင်းဧည့်ခံသော ညစာစားပွဲသို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
