❝ပြင်ဦးလွင်မှာ (၁၇)ကြိမ်မြောက်ပန်းပွဲတော်ကို ၁ လကြာ ကျင်းပမည်❞
ဒီဇင်ဘာ ၃
ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်၏ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော် (Floral Fantasia)ကို ယခု ဒီဇင်ဘာ ၁၄ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်အထိ ၁ လကြာ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲတော်၌ MSME အရောင်းပြခန်းများအပြင် ဂီတဖျော်ဖြေပွဲများနှင့် မျက်လှည့်ပွဲများပါ ထည့်သွင်း၍ ယခင်နှစ်များနှင့်မတူ တမူထူးခြားစွာ ကျင်းပသွားမည်ဟု အမျိုးသားကန်တော်ကြီး ဥယျာဉ်ထိန်းသိမ်းရေးကော်မတီက ဆိုထားသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ကျင်းပခဲ့သော (၁၆)ကြိမ်မြောက် ပန်းပွဲတော်၌ ပြည်တွင်းနှင့် ပြည်ပ ပန်းမျိုးစိတ်အရေအတွက် ၂ သိန်းနီးပါးကို ဇုန် ၈ ဇုန်ခွဲ၍ ပြသပေးခဲ့သလို ထူးခြားမှုအနေဖြင့် လီလီပန်းပြကွက်နှင့် သစ်ခွဥယျာဉ်ကိုပါ ထည့်သွင်းပြသခဲ့ပြီး ဈေးပွဲတော်နှင့် ဒေသထွက်ကုန် အရောင်းပြခန်း ၅၀ လည်း ပါဝင်ခဲ့သည်ဟု သိရသည်။
#သတင်းဟင်လေးအိုးကြီး


