တန့်ယန်းမှာ ကျားဖျန့်သမားတွေ ဖမ်းမိ
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တန့်ယန်းမြိုနယ်၊ နောင်ဟီးကျေးရွာတွင် တရားမဝင် ကျားဖြန့်လုပ်ကိုင်နေသော တရုတ်နိုင်ငံသား ၁၈ ဦး၊ မြန်မာနိုင်ငံသား ၂၇ ဦး တိုအား ဒီဇင်ဘာ ၂ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိမှုတွင် တရုတ်နိုင်ငံသား ၁၈ဦး၊ မြန်မာနိုင်ငံသား ၂၇ ဦးတိုနှင့်အတူ လုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့် ကွန်ပျူတာ ၂၆ လုံး၊ စတားလင့် ၁ စုံ၊ ဘန်း ၁ ခု၊ ပစ္စတို ၂ လက်၊ Type-81 ၂ လက်၊ ၄၀ မမ လောင်ချာတွဲ ၁ ခု၊ ခဲယမ်းမျိုးစုံ၊ စကားပြောစက် ၆ လုံး၊ ဆိုင်ကယ် ၂ စီး၊ မီးစက် ၁ လုံး၊ wifi စက် ၃ လုံး၊ ဖုန်းမျိုးစုံ ၁၃၀ လုံး၊ လိုင်စင်မဲ့ ၆ ဘီးယာဉ် ၁ စီးတိုအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
#centralnewsnaypyitaw

