ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်ဂိုဏ်းတွေကို ဝန်ဆောင်မှုပေးနေတဲ့ တရားမဝင် ဆက်သွယ်ရေးလိုင်းတွေကို ထိုင်းအာဏာပိုင်တွေ ဖြုတ်သိမ်း
ဒီဇင်ဘာ ၃
ထိုင်း- မြန်မာနယ်စပ်တစ်လျှောက်မှာရှိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ ဖုန်းစင်တာတွေကို အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ တရားမဝင် ဖုန်းနဲ့ အင်တာနက် ဆက်သွယ်ရေး ကေဘယ်ကြိုးတွေကို ထိုင်းအာဏာပိုင်တွေက ဖြုတ်သိမ်းလိုက်တယ်လို့ ဒီကနေ့ ဒီဇင်ဘာ ၃ ရက်မှာဖော်ပြလာတဲ့ ဘန်ကောက်ပို့စ်သတင်းအရ သိရပါတယ်။
အဲဒီ ဆက်သွယ်ရေးကေဘယ်ကြိုးတွေကို ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းမှာ စစ်ဆေးတွေ့ရှိခဲ့တာလို့ သိရပြီး အဆိုပါဆယ်သွယ်ရေးလိုင်းကြိုးတွေအပြင် ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ဖုန်းဆင်းမ်ကတ် တစ်သိန်းကျော်နဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ထိုင်းအစိုးရအာဏာပိုင်တွေအနေနဲ့ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ အဲဒီ တရားမဝင်ဆက်သွယ်ရေးလိုင်းတွေကို ဆက်လက် ဖယ်ရှားဖမ်းဆီးဖို့ ဆောင်ရွက်နေတယ်လို့လည်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားမှုအရ သိရပါတယ်။
#centralnewsnaypyitaw
