26 w - Translate

ပွဲချိန်နောက်ဆုံး(၁၅)မိနစ်တွေမှာ(၂၆)ဂိုးအထိ သွင်းယူထားနိုင်တဲ့ ကလော့ပ်ရဲ့လီဗာပူးလ်

လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပွဲ(၃၀)ကစားအပြီး ဂိုး(၇၀)သွင်းယူထားရာ ယင်းထဲမှ (၂၆)ဂိုးမှာ ပွဲချိန်နောက်ဆုံး(၁၅)မိနစ်များတွင် သွင်းယူခဲ့ခြင်းဖြစ်သည်။ပရီးမီးယားလိဂ်ပွဲစဉ်(၃၁)အဖြစ် အန်းဖီးလ်မှာကစားခဲ့သည့် ရှက်ဖီးလ်ယူနိုက်တက်နဲ့ ပွဲစဉ်တွင်လည်း လီဗာပူးလ်အသင်း၏ အနိုင်ဂိုး(၂)ဂိုးမှာ ပွဲချိန်(၇၅)မိနစ်နောက်ပိုင်း (၇၆ မိနစ်နှင့် ၉၀ မိနစ်)သွင်းယူခဲ့ခြင်းဖြစ်သည်။ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် လီဗာပူးလ်အသင်း သွင်းယူထားသော ဂိုးစုစုပေါင်း၏ (၃၇ %)ကျော်ကို ပွဲ၏ နောက်ဆုံး(၆)ပုံ(၁)ပုံအချိန်ပိုင်းတွင် သွင်းယူခဲ့ခြင်းဖြစ်သည်။လီဗာပူးလ်အသင်းသည် ယခုရာသီပရီးမီးယားလိဂ်တွင် (အာဆင်နယ်နောက်) ဒုတိယဂိုးအများဆုံးသွင်းထားသောအသင်းအဖြစ် ဂိုး(၇၀)သွင်းယူထားပြီး လက်ရှိချန်ပီယံမန်စီးတီးအသင်းထက် (၃)ဂိုးပိုများနေသည်။ပွဲချိန် နောက်ဆုံး(၁၅)မိနစ်များတွင် ပရီးမီးယားလိဂ်အသင်းများ၏ ဂိုးသွင်းယူမှုကို နှိုင်းယှဉ်မည်ဆိုပါက လီဗာပူးလ်အသင်းသည် ဒုတိယနေရာမှ အာဆင်နယ်၊နယူးကာဆယ်၊တော့တင်ဟမ်ဟော့စပါး၊လူတန်တောင်း (၁၆ ဂိုးစီ)အစရှိသောအသင်းများထက် (၁၀)ဂိုးအထိပိုများနေကြောင်းသိရသည်။နောက်တွင် မန်စီးတီး(၁၅ ဂိုး)၊မန်ယူနိုက်တက်၊ချယ်လ်ဆီး၊ဗီလာ(၁၃ ဂိုးစီ) အစရှိသောအသင်းများ ရှိနေကြောင်း သိရသည်။

image