မိန်းမ ယောကျားမရွေး ကြွေခဲ့ရတဲ့ မြန်မာ IT Girl အဆိုတော် - ကြိုးကြာ
2000s မှာ မြန်မာ It Girl ရှိလား ဆိုရင် ရှိပါတယ် ။ ကြိုးကြာပါ ။ ကြိုးကြာရဲ့ စန်းက အရမ်းကြီးပါတယ် ။ သူ့လောက်ပေါက်တဲ့သူမရှိဘူးရယ်တော့မဟုတ် ရှိပါတယ် ။ ဒါပေမယ့် ကြိုးကြားဟာ တစ်ကိုယ်တော်အခွေ မရှိ အတွဲခွေတွေမှာပဲ တစ်ပုဒ်စီဆိုရင်းနဲ့ကို သူ့စန်းက အရမ်းပေါက်တာပါ ။
အဲ့ဒီ့အချိန်မှာ Teenage Popstar ဒီမှာ ရှားတာလဲ ပါပါမယ်။ အသံလေးက ချစ်စရာ ရုပ်လေးက ချောချော အသက်လေးက ငယ်ငယ် ဆိုတော့ လူငယ်တွေကြား လွှတ်ကို နာမည်ကြီးခဲ့တာပါပဲ ။ Powerhouse မဟုတ်လို့ လာခဲ့ ဘယ်သီချင်းမဆိုဖြဲမယ်ဟေ့ ဆိုတာမျိုးမဟုတ်ပေမယ့် ဟာမိုနီ ဆိုတဲ့သူမို့ အဆိုတော်နပ်ပြီး အသံလေးကလည်း အတော်လှပါတယ် ။ အဆိုတော်လုပ်နေပြီးဟာမိုနီမဆိုတတ်သူတွေ ဒီမှာ အများကြီးရှိပါတယ် ။
အဲ့ဒီ့အချိန်တုန်းကတော့ စနောက်တဲ့စကား အခုချိန်အခေါ်အရတော့ Memes အနေနဲ့လည်း ကြိုးကြာနဲ့ပတ်သက်ပြီး ပြောခဲ့ကြပါသေးတယ် ။ " သူ့ကို သူ့အမေက စင်နောက်မှာ ကြိမ်လုံးနဲ့ စောင့်ပြီး ဆိုခိုင်းတာလားမသိဘူး " ဆိုတာပါ ။ အကြောင်းကတော့ ကြိုးကြာဟာ သီချင်းဆိုရင် စင်ပေါ်မှာ အရုပ်လေးတင်ထားသလို မလှုပ်မယှက် နဲ့ ပါးစပ်လေးမပွင့်တပွင့်ဆိုတတ်လို့ပါ ။
မပြီးသေးပါဘူး။ ပရိတ်သတ်နဲ့ သူနဲ့ သိပ်အသက်မကွာတော့ ယောကျားမိန်းမမရွေးသဘောကျကြပါတယ် ။ " သားကြီး ငါကြိုးကြာနဲ့တူတဲ့စော်လေးကိုတွဲချင်တာ ဘာညာ ရှိသလို " မိန်းကလေးတွေကလည်း သူဝတ်သလိူလိုက်ဝတ်ကြပါတယ် ။ ဦးထုပ်ဖောင်းဖောင်းလေး T Shirt ခါးတိုလေးကို ဂျင်းဘောင်းဘီလေး နဲ့တွဲ မာဖလာလေးပတ် ရပြီ ဒါကြိုးကြာဖက်ရှင်ပဲ လိုက်ဝတ်လိုက်ကြတာဆိုတာကို ။
နာမည်ကျော်နေစဥ်မှာပဲ ဆက်မဆိုတော့ပဲ အနားယူလိုက်တာ နှမြောစရာပါ ။ လတ်တလောမှာတော့ သူအနားယူသွားတာ မမှန်ကန်တဲ့ကောလဟာလတွေကြောင့် စိတ်ညစ်ပြီး အနုပညာပြန်မလုပ်တော့တာလို့ သူ့အစ်မ စင်ဒီက ဆိုပါတယ်
#crd
