21 ပတ် - ဘာသာပြန်ပါ။

တရုတ်ဘက်ကို တန်းစီ မဲနှိုက်စနစ်နဲ့သာ ဝင်/ထွက်ခွင့်ပြုပြီး မြို့တွင်း စားသောက်ဖို့ ဟင်းသီးဟင်းရွက်နဲ့ သားငါးကိုသာ သယ်ဆောင်ခွင့်ရ

ဒီဇင်ဘာ ၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ် ဆင်ဖြူဂိတ်ကနေ တရုတ်နိုင်ငံဘက်ကို ဝင်ရောက်ရာမှာ မဲနှိုက်စနစ်နဲ့သာ ဝင်ထွက်ခွင့်ပြုပြီး စားသောက်ကုန်သာပဲ တင်ဆောင်ခွင့်ရတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလို ဝင်/ထွက်ခွင့်ကိုလည်း ဆိုင်ကယ် အစီးရေ (၂၀၀)နဲ့ ကားအစီးရေ (၅၀)ကိုသာ နေ့စဉ် ဝင်ထွက်ခွင့်ပြုတာ ဖြစ်တဲ့အတွက် ဝင်ရောက်လိုသူတွေအနေနဲ့ သက်ဆိုင်ရာကို စာရင်းပေးသွင်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။

“တန်းစီ စနစ်နဲ့ မဲပေါက်မှာ တရုတ်ဘက်ကိုဝင်ရမယ်ပြောတယ်။ ဝင်ခွင့်ပေါက်တယ်ဆိုရင်လဲ စားဖို့သောက်ဖို့ ဟင်းသီးဟင်းရွက်နဲ့ သားငါးလောက်ပဲ သယ်ဆောင်ခွင့်ပြုတာလို့”ဒေသခံ တစ်ဦးက ပြောပါတယ်။

တရုတ်ဘက်ကနေ မူဆယ်ဘက်ကို ပစ္စည်းတင်ဆောင်ရာမှာ မူဆယ်မြို့တွင်း စားသုံးနိုင်ဖို့အတွက် မီးဖိုးချောင်သုံး အသီးအနှံ၊ အသားနဲ့ငါးများကိုသာ ဆိုင်ကယ်နဲ့ သယ်ဆောင်ခွင့်ပြုတာလို့ သိရပါတယ်။

အခြား ကား၊ လက်တွန်းလှည်း၊ စက်ဘီး၊ လက်တွန်းလှည်းတို့နဲ့ ကုန်ပစ္စည်း တင်ဆောင်ခွင့် လုံးဝ (လုံးဝ) ကန့်သတ်ထားတယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image