❝ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု❞
ဒီဇင်ဘာ ၃
ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ [ Unity and Development Party (UADP) ] ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကြေညာချက်အမှတ် (၈/၂၀၂၄ ) ဖြင့် ဒီဇင်ဘာ ၂ ရက်တွင် အသိပေးထုတ်ပြန်ခဲ့သည်။
အဆိုပါ ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ [ Unity and Development Party (UADP) ] ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ဖော်ပြထားသည်။
ယင်းပါတီသည် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ACE အိမ်ရာ၊ စိန်ပန်းလမ်း၊ ခြံအမှတ်(၂၆) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသည်ဟု သိရပြီး ပါတီ၏ မှတ်ပုံတင်အမှတ်မှာ ( ၅၅ ) ဖြစ်သည်ဟုလည်း သိရသည်။
#centralnewsnaypyitaw
