ဖြစ်နိုင်ရင် တစ်နေ့နေ့မှာ
ဘယ်အရာနဲ့ပဲ ယှဉ်ယှဉ်.. ဘယ်သူနဲ့ပဲယှဉ်ယှဉ်
ဘယ်တော့မှ လွှတ်မချခဲ့မယ့် လက်လေးတစ်ဖက်တော့လိုချင်ပါသေးတယ်
သာယာတဲ့နေ့တွေ ရန်ဖြစ်တဲ့နေ့တွေ
အရာရာကြောင့် အဆင်မပြေတဲ့နေ့ရက်လေးတွေမှာတောင် လွှတ်မချခဲ့မယ့်လက်မျိုးလေး
ex တွေ fri ဆိုတာတွေနဲ့ယှဥ်ရင်တောင်
ကိုယ့်ကိုပဲရွေးချယ်မှာသေချာပါတယ်လို့
မျက်စိမှိတ်ယုံကြည်ချင်တာမျိုးပေါ့
ဘယ်နေ့ကိုယ့်ကို ထားခဲ့မလဲ
ဘယ်သူနဲ့ယှဥ်လာရင်များ လွှတ်ချခဲ့မလဲလို့
စိတ်မလုံခြုံရခြင်းတွေနဲ့ မျက်စိသူငယ်နားသူငယ်ထပ်မဖြစ်ချင်တော့ဘူး
ဖြစ်နိုင်ရင်
လှည့်မကြည့်ရင်တောင် စိတ်ချရတဲ့
ယုံကြည်ရခြင်းတွေ
လိုက်ပြောစရာမလိုတဲ့သစ္စာရှိမှုတွေ
မတောင်းပဲတည်တဲ့ကတိတွေ
မတောင်းပဲရတဲ့မေတ္တာတွေ နဲ့
နှစ်ဖက်မျှတွေးတတ်မှုတွေ
ကိုယ့်ကိုချစ်ပါတယ်ဆိုတာ သေချာနေတဲ့
စိတ်လုံခြုံရပ်ဝန်းလေးတစ်ခု မှာတော့
စိတ်ချလက်ချရယ်မောပြီး
ညဘက်တွေ နွေးနွေးထွေးထွေး
အိပ်ပျော်ချင်ပါသေးတယ်
Crd - Bunny