26 w - Translate

တစ်ခါက မိတ်ဆွေတစ်ဦးရဲ့ ဇနီးသည် သက်လတ်ပိုင်း တစ်ယောက်... ပုဂံ ကို Pajero ကားသစ်ကြီးနဲ့ သွားပါတယ် ...( ရန်ကုန်ကနေ နံက် အစောပိုင်းထွက်သွားတာပေါ့ )
Aircon ကလည်း အေးမှအေး ....

နွေအပူကို ကားသစ်ကြီးကတော့ အံတုနိုင်တာပေါ့ခင်ဗျာ...
လမ်းပေါ်မှာလည်း အိပ်စက်အနားယူသွားပါတယ်...
ညနေ သုံးနာရီလောက်
ပုဂံ ရောက်တော့ ကားပေါ်က ဆင်းပြီး Hotel က ဧည့်ကြို ကောင်တာမှာ ခဏထိုင်လိုက်တုန်း သတိလစ်သွားပါတယ်...မိနစ်ပိုင်းမှာပဲ အသက်ပါသွားပါတယ်...( ဆရာဝန် မှတ်ချက်အရ ကတော့ ဦးနှောက်သွေးကြော ပြတ်သွားတယ် လို့ပဲ သိရပါတယ် ) ဒီလိုမျိုးက ဖြစ်ခဲပေမယ့် ဖြစ်တတ်တဲ့ သဘောပါ...
ထိုအချိန်က ပုဂံမှာ အပူဆုံး အချိန်တွေပါ....အဲ့ဒီကားနဲ့ပဲ Body ကို ရန်ကုန် သယ်ခဲ့ကြတယ်...( ပုဂံ ရောက်ခါနီး တစ်ခါတော့ အောက်ကို ဆင်းပြီး အခင်းကြီး သွားတယ် လို့ဆိုပါတယ် )

တစ်ခါကလည်း....မနက်ဘက် မိတ်ဆွေ တစ်ယောက်ကို နှုတ်ဆက်ရင်းက ...သူ့မျက်နှာနဲ့ နုပ်ခမ်းဟာ ရွဲ့နေတယ် လို့ ကျနော်က ထင်မိတဲ့ အခါ...
"ဟေ့လူ တံတွေးကို တည့်တည့် ထွေးကြည့် စမ်းပါ" လို့ ခိုင်းလိုက်တယ်...ထွေးလိုက်တော့...
သူ့တံတွေးက ပါးစပ်ကနေ စောင်းပြီး ထွက်သွားတယ်...( ‌အဲ့ဒီ စမ်းသပ်ချက် လေးက ကြားဖူးနားဝါ ရှိထားတာမို့ ခိုင်းလိုက်တာပါ )
သူက ပြန်မေးတယ်..."ဘာဖြစ်လို့ စောင်းတာလဲတဲ့..."
ဘာဖြစ်တာလည်းတော့မသိဘူး " ခင်ဗျား ပါး ရွဲ့ နေပြီဗျာ...
ဆေးခန်းအမြန် ပြေးပေတော့ "လို့ တိုက်တွန်း လိုက်တယ်....
( ဆေးခန်းရောက်တော့ ဆရာဝန်က ဆေးထိုးပြီး သူ့ကို စောင့်ကြည့် ကုသပါတော့တယ်...အိမ်ကို ပြန်မလွှတ်တော့ပါ ဆေးရုံမှာ သုံးရက်တက် ပြီး စိတ်ချရတော့မှ အိမ်ပြန် လွှတ်လိုက် ပါတယ် )
နောက်တော့ မှ ညဘက်က ရေချိုးပြီး ပြူတင်းပေါက်နားမှာ အိပ်ခဲ့ သည်တဲ့လေ....အချိန်မှီ ကုသနိုင်လို့ ပျောက်သွားတာ တော်ပါသေးရဲ့...( ဆေးရုံက ဆင်းတော့ ကျနော့်ကို ကျေးဇူးတင် ကြောင်းပြောကာ...ခင်ဗျားက လူကဲခတ် တော်ပါ‌ပေ တယ် တဲ့လေ😁)

ကျနော်တို့ငယ်ငယ် က အထက်တန်းကျောင်းသူ ကျနော့်အစ်မလည်း ရေချိုးမှားတာထင်ပါရဲ့ ပါးရွဲ့သွားဖူးပါတယ်...

တနေ့ကတော့... အာမခံကုမ္ပဏီ တစ်ခုက လုံခြုံရေး ဝန်ထမ်း ခလေး တစ်ယောက်( အသက်က ၂၀ ဝန်းကျင် ) ..မနက်ပိုင်း လုပ်ငန်းချိန် အတွင်းမှာ ပါးရွဲ့ သွားတယ်...တာဝန်ခံက ဆေးခန်းသွားဖို့ ချက်ချင်းစီစဉ်ပေးလိုက်တယ်...ကောင်လေး ကံကောင်းသွားပါတယ်...
သို့ပေမယ့် ထိုခလေး ဟာ နောက်ပိုင်းကာလတွေကို သတိထားပြီး နေထိုင်သွားရနိုင်ပါတယ်....( ဒီကလေးရဲ့ တာဝန်က ရုံးအပြင် အပူထဲမှာ နေရသလို ...နေ့ခင်းပိုင်း လူရှင်းသည့် အခါတွင်လည်း မှန်အကာနောက် AIRCON အအေးရှိရာ ရုံးတွင်းမှနေ၍ အပြင်ကို ကြည့်ရှုနေရသူပါ...အပူ ချိန်ကွာခြားလှသည့် နေရာနှစ်ခုကြား မကြာခဏ ကူးလူး နေရသူပါ )

သူ့အဖြစ်ကို မျက်ဝါးထင်ထင် တွေ့လိုက်ရတော့....
ကားတစ်စီးနဲ့ သွားလာနေရတဲ့ မိမိအဖြစ်ကို ချက်ခြင်းပဲ သတိရမိပါတယ်...နေ့လည်ခင်းတွေ မှာ Aircon ဖွင့်ပြီး နာရီဝက် တစ်နာရီ ခရီး ကို သွားလိုက် ပြန်လိုက်..ကားပေါ်က ဆင်း တစ်နေရာမှာ အလုပ်လုပ် တဖန် ကားထဲ ကိုပြန်လာ....အာမခံ ကိစ္စများနဲ့ တစ်ရုံးဝင် တစ်ရုံးထွက်....
မိမိရဲ့ ခန္တာကိုယ်ဟာ အပူကိုလည်း ခံစားလိုက် တဖန် အအေးကိုလည်း လက်ခံလိုက်နဲ့...ထိုခလေး ရဲ့ အလုပ်သဘာဝလိုပါပဲလား....

အသက်က( 53) လက်ပြင်က ခပ်ကုန်းကုန်း...
ဆီးချိုကရှိ သွေးတိုးကငြိ နေတဲ့အခါ.... ဘယ်အချိန်တက်လာမှန်းမသိ....လေတော့...
ကျနော့်အနေနဲ့ သတိရှိမှ တော်ကာကျပါမယ်....
ရာသီဥတု ပြင်းထန်မှုကလည်း ရောဂါ အခံ ရှိသူတွေအဖို့....အဆိပ်ပြင်းမြွေတစ်ကောင် အနားမှာ ရှိနေသလိုပါ....အသက်ကို အချိန်မရွေး နှုတ်ယူ သွားနိုင်ပါတယ်....

‌ဒါ့ကြောင့် ရန်ကုန်မှာ ကားမောင်းကြသူများ...
အပူချိန် ပြင်းထန်ချိန်များမှာ...ရေခဲရေ သောက်ခြင်းများ ရေအေးနှင့် မျက်နှာသစ်ခြင်းများ ဇက်ပိုးကို ရေအေးသဘက်အုပ်ခြင်းများ စနိုးတာဝါကို ဦးခေါင်းတစ်ဝိုက် သုံးခြင်းများကို ရှောင်ရှားကြပါခင်ဗျာ...
Aircon ထဲမှ အပြင်ထွက်မည်ဆိုပါကလည်း ရေသောက်ခြင်း ဦးထုပ်ဆောင်းခြင်းအပြင် အပူထဲမှ အအေးထဲ ဝင်ရာတွင်လည်း အထူးသတိပြုကြပါ...
ခန္တာကိုယ် အပူကို ထိန်းညှိပေးမည့် အဝတ်အထည်မျိုးကိုလည်း သတိထားရွေးချယ် ဝတ်ဆင်ကြပါ ခင်ဗျာ...ချွေးထွက်သန်သူတွေ ကတော့ အင်္ကျီအပို / စွပ်ကျယ်( ချွေးခံ) အပိုများ ဆောင်ထား ကာ လိုအပ်ပါက လဲလှယ် ဝတ်ဆင်ကြပါခင်ဗျာ....
အပူဒဏ်က အစိုးမရလေတော့...မိမိ ဖန်တီးနိုင်တဲ့ အအေးဓါတ်ကိုသာ ချိန်ညှိသုံးစွဲကြပါ...ကြားသိရတဲ့ ကျန်းမာရေး သတိပေးချက် နဲ့ အကြံပြုချက်များ ကို လိုက်နာကြပါ ခင်ဗျာ

ကားမောင်းရင်း က
နေအပူမှာ ဇက်ကြောကြီးတောင့်လာပြီဆိုလျင်တော့ အထူးသတိထားပါခင်ဗျာ...ခဏတာ ခရီးထက် ဘဝတာ ခရီးက ပိုပြီး အရေးကြီးပါတယ်....

နွေတကာ့ နွေတွေထဲမှာ ဒီနွေကတော့ ကျနော့်အတွက် အပူဆုံးပါပဲ....( ကျန်ခဲ့တဲ့ နွေတွေကို မေ့ခဲ့တာလည်း ဖြစ်ချင်ဖြစ်ပါမယ် )
အားလုံး ကိုယ်စိတ်နှစ်ပါး အေးချမ်းကြပါစေ ခင်ဗျာ...🙏

Credit to Htun Htun Naing

image