26 w - Translate

ယခုနှစ်ရာသီ ဂိုးကန်ချက်စုစုပေါင်း (၈၈)ကြိမ်ရှိခဲ့တဲ့ ချယ်လ်ဆီးနဲ့ မန်ယူနိုက်တက် အားပြိုင်မှု

ယခုရာသီတွင် ချယ်လ်ဆီးနှင့်မန်ယူနိုက်တက်တို့ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲ(၂)ပွဲ၌ နှစ်ဖက်အသင်း၏ ဂိုးကန်ချက်(Shots)စုစုပေါင်းမှာ (၈၈)ကြိမ်အထိရှိခဲ့ပြီး ယင်းမှာ (၂၀၁၄-၁၅)ရာသီက လက်စတာ နဲ့ ကျူပီအာ(အိမ်/အဝေး)တွေ့ဆုံမှုမှ ဂိုးကန်ချက်(၉၂)ကြိမ်အပြီး အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ချယ်လ်ဆီးနှင့် မန်ယူနိုက်တက်အသင်း၏ ပထမအကျော့အိုးလ်ထရက်ဖို့ဒ်တွေ့ဆုံမှုတွင် ဂိုးကန်ချက်(၄၁)ကြိမ်(မန်ယူနိုက်တက် ၂၈ ကြိမ်+ချယ်လ်ဆီး ၁၃ ကြိမ်)ရှိခဲ့ပြီး၊ ယခု ဒုတိယအကျော့ စတမ်းဖို့ဒ်ဘရစ်ချ်တွေ့ဆုံမှုတွင် ဂိုးကန်ချက်(၄၇)ကြိမ်(ချယ်လ်ဆီး ၂၈ ကြိမ် + မန်ယူနိုက်တက် ၁၉ ကြိမ်)ရှိခဲ့ရာ စုစုပေါင်း(၈၈)ကြိမ်ရှိခဲ့ခြင်းဖြစ်သည်။(၂၀၁၄-၁၅) ရာသီက ကျူပီအာ(၃-၂)လက်စတာပွဲတွင် ဂိုးကန်ချက်(၅၂)ကြိမ်၊လက်စတာ(၅-၁)ကျူပီအာပွဲတွင် ဂိုးကန်ချက်(၄၀)ကြိမ် စုစုပေါင်း(၉၂)ကြိမ်အထိရှိခဲ့သည်။ယင်းကျူပီအာ(၃-၂)လက်စတာပွဲမှ ဂိုးကန်ချက်(၅၂)ကြိမ်မှာ ယခုအချိန်အထိ ပရီးမီးယားလိဂ်တွင် ပွဲစဉ်တစ်ပွဲအတွင်း အများဆုံးအဖြစ် စံချိန်တင်ထားဆဲဖြစ်သည်။

image