26 w - Translate

ဗယာကြော် ကြော်နည်း

၁- ကုလားပဲခြမ်း လိုသလောက်ကို Baking Soda နည်းနည်းထည့်ပြီး တစ်ညကြိုရေစိမ်ထားပါ မနက်မှာ ရေပြန်ဆေးပြီး ရေစစ်ထားပါ
၂- ဆား သကြား ဂျင်းစိမ်း ကြက်သွန်ဖြူ နဲ့ ပဲများကိုရောထောင်းပါ ကြိတ်လိုက ကြိတ်စက်ဖြင့် ၂ ခါပြန်ကြိတ်ပါ
၃- ဆန်မှုန့် ၃ ဆ , ကောက်ညှင်းဆန်မှုန့် ၁ ဆ , ငရုပ်သီးစိမ်း ပါးပါးလှီးထည့်ပါ ပျင်းတော်သိမ်ရွက် / ပူဒီနံ ကြိုက်ရာ ပါးပါးလှီးထည့်ပါ

မုန့်သားနယ်စဉ် မုန့်သားအနေအထားပေါ်မူတည်ပြီး ရေ နည်းနည်းချင် တောက် ထည့်ပါ ... နယ်ပြီး ပုဝါပါးလေး ရေဆွတ်ပြီးအုန်ထားပြီး ရေခဲသေတ္တာထဲတွင် ၂ နာရီခန့် နှပ်ထားပါ

၄- အယ်အိုးတွင် ဆီများများထည့်ပြီး ဆီပူပူတွင် ကြွပ်ြွပ်ကြော်ပါ .. မန်ကျည်းမှည့်အရည်တွင် အစပ် အငန် နှစ်သက်ရာအရသာထည့်ပြီး သုံးဆောင်ပါ

image