26 w - Translate

ဂုတ်ကြီး ရော်နယ်ဒို တည်းခိုခဲ့တဲ့ ဟိုတယ်ကတော့ စီးပွါးရေး အကွက် မြင်လွန်းတယ်လို့ ပြောရမယ် ။ ဘာကြောင့်လဲ ဆိုတော့ ခဏတာ လာသွားတဲ့ ရော်နယ်ဒိုရဲ့ ကျော်ကြားမှုကို အသုံးချပြီး ပိုက်ဆံ ရှာတော့မှာပါ ။

ပြီးခဲ့တဲ့ ပေါ်တူဂီ-စလိုဗေးနီးယား ခြေစမ်းပွဲတုန်းက စလိုဗေးနီးယားဟိုတယ်မှာ ရော်နယ်ဒို အိပ်စက်အနားယူခဲ့တဲ့ အိပ်ယာကို လေလံတင် ရောင်းချတော့မယ်လို့ သိရပါတယ် ။

ကြမ်းခင်းစျေးကတော့ ပေါင် 4300 ကနေ စတင် စျေးခေါ်ထားပြီး ပေါင် သိန်း ဂဏာန်းထိ တက်နိုင်မယ်လို့ ဟိုတယ်က မျှော်လင့်နေပါတယ် ။ ပရိတ်သတ် တောင့်လွန်းပြီး ဘောလုံးလောကရဲ့ GOAT တစ်ဦး အိပ်စက်ခဲ့တဲ့ အိပ်ယာဆိုတော့ လိုချင်သူတွေ ဝိုင်းနေမှာပါ ။

#cr7fanmyanmar

image