26 w - Translate

ပရီးမီးယားလိဂ်ပွဲစဉ်(၃၂)စနေနေ့အပြီးအမှတ်ပေးဇယားထိပ်ဆုံး(၆)သင်း

ပရီးမီးယားလဂ်ပွဲစဉ်(၃၂)စနေနေ့အပြီးအမှတ်ပေးဇယားထိပ်ဆုံးတွင် အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့တဲ့ အာတေတာရဲ့ အာဆင်နယ်အသင်းက (၇၁)မှတ်ဖြင့် ဦးဆောင်နေသည်။ဒုတိယနေရာတွင် ကလော့ပ်ရဲ့လီဗာပူးလ်အသင်းက (၇၀)မှတ်၊တတိယနေရာတွင် လန်ဒန်မှာ ဂိုးမိုးရွာခဲ့တဲ့ ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးအသင်းက (၇၀)မှတ်၊စတုတ္ထနေရာတွင် အိမ်ကွင်းမှာသရေသာ ရခဲ့တဲ့ အမ်မရီရဲ့ အက်စတွန်ဗီလာအသင်းက (၆၀)မှတ်၊ပဉ္စမနေရာတွင် ပိုစတယ်ဂိုဂလူးစ်ရဲ့တော့တင်ဟမ်ဟော့စပါးအသင်းက (၅၇)မှတ်၊ဆဌမနေရာတွင် တန်ဟတ်ရဲ့ မန်ချက်စတာယူနိုက်တက်အသင်းက (၄၈)မှတ်ဖြင့် အစဉ်လိုက်ရပ်တည်နေသည်။စူပါဆန်းဒေးပွဲစဉ်မှာတော့ လီဗာပူးလ် နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ထိပ်တိုက်ဆုံတွေ့နေသလို တော့တင်ဟမ်ဟော့စပါးဟာလည်း အိမ်ကွင်းမှာ ဖောရက်စ် နဲ့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

image