မြန်မာ ၈ ဦး ပါဝင်တဲ့ အကြီးမားဆုံး ကျားဖြန့်ဂိုဏ်း ထိုင်းနိုင်ငံမှာ ဖမ်းမိ

နိုဝင်ဘာ ၂၈

ထိုင်းရဲတပ်ဖွဲ့ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ပြည်နယ်မှာ ဖုန်း/အွန်လိုင်းကတစ်ဆင့် ငွေကြေးလိမ်လည်တဲ့ ထိုင်း-တရုတ် ကျားဖြန့်ဂိုဏ်းတစ်ခုနဲ့ ဆက်စပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို အများဆုံး သိမ်းဆည်းရရှိခဲ့ ကြောင်း ဘန်ကောက်ပို့စ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

နိုဝင်ဘာ ၂၆ ရက်နေ့ (အင်္ဂါနေ့) က ချင်းမိုင်ပြည်နယ် မူယန်း၊ ဆန်ဆိုင်းနဲ့ ဆန်ကမ်ဖိုင်း ခရိုင်တွေက အငှားအိမ် ၁၁ လုံးကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ ဖုန်းဆင်းကတ် ၅၉၀,၀၀၀ ပါ ဆင်းကတ်ဘူး ၆၄၂ ဘူး၊ ကွန် ပျူတာ ၇၂ လုံး၊ မိုဘိုင်းဖုန်း ၁,၄၅၅ လုံး၊ ဆင်းကတ် Reader ၄၇ ခု သိမ်းဆည်းရရှိခဲ့ကြောင်း ဗဟိုစုံစမ်းစစ် ဆေးရေးဗျူရို (CIB ) ရဲမင်းကြီး ဒုတိယရဲချုပ်ကြီး ဂျီရာဟုတ်ဘူရီဒတ်က နိုဝင်ဘာ ၂၇ ရက်နေ့ကကျင်းပခဲ့တဲ့ သတင်း စာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ဒီသိမ်းဆည်းရရှိမှုဟာ ထိုင်းနိုင်ငံသမိုင်းရဲ့ အွန်လိုင်းလိမ်လည်ဂိုဏ်းသိမ်းဆည်းရရှိမှာထဲမှာ အများဆုံးပဲဖြစ် ပါတယ်။” လို့ CIB ရဲမင်းကြီးက ပြောပါတယ်။

ဝင်ရောက်စီးနင်းမှုတွေမှာ ထိုင်းရဲတပ်ဖွဲ့က ထိုင်းနိုင်ငံသား ၂ ဦး၊ တရုတ်နိုင်ငံသား ၅ ဦးနဲ့ မြန်မာနိုင်ငံသား ၈ ဦးကို သံသယတရားခံတွေအဖြစ် ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းမိထားတဲ့အထဲက ဂျီရာပန်ပရာကော့ကစ်အမည်ရှိ အသက် ၃၀ အရွယ် ထိုင်းအမျိုးသမီးရဲ့ ခင်ပွန်းဟာ တရုတ်လူမျိုးဖြစ်ပါတယ်။

လက်ရှိအချိန်မှာ လွတ်မြောက်နေတဲ့ အဲဒီတရုတ်လူမျိုးဟာ အဆိုပါကျားဖြန့်ဂိုဏ်းခေါင်းဆောင်ဖြစ်တယ်လို့ ယူဆရပါတယ်။

ငွေလိမ်လည်လုပ်ငန်းဆောင်ရွက်နေတဲ့ အဲဒီအိမ်ကို အဆိုပါ ထိုင်းအမျိုးသမီးက ငှားရမ်းထားတာဖြစ်ပြီး အိမ် ငှားခနဲ့ တခြားဝန်ဆောင်ခတွေကို ၎င်းကပဲ ပေးချေနေတာဖြစ်ပါတယ်။

“ဆင်းကတ်တွေကို အကောင့်တုတွေဖွင့်ဖို့ အသုံးပြုပါတယ်။ ပြီးတော့ အဲဒီအကောင့်တုတွေကို တခြား အွန် လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ အွန်လိုင်းဒုစရိုက်လုပ်ငန်းဂိုဏ်းတွေကို ပြန်လည်ရောင်းချပါတယ်။” လို့ CIB အကြီး အကဲက ပြောပါတယ်။

၎င်းရဲ့ခင်ပွန်းဖြစ်သူ လွတ်မြောက်နေတဲ့ တရုတ်လူမျိုးဟာ လိုအပ်တဲ့စက်ပစ္စည်းတွေကို ဝယ်ယူပြီး အခုအဖမ်း ခံရတဲ့သူတွေကို ဝန်ထမ်းအဖြစ်ခန့်အပ်ကာ ငှားထားတဲ့အိမ်တွေမှာ ဖြန့်ခွဲနေရာချထားပြီး ဆင်းကတ်တွေအသုံး ပြုပြီးတော့ အကောင့်တုတွေနဲ့ လိမ်လည်ခိုင်းတာဖြစ်ကြောင်း ဂျီရာပန်က ပြောပါတယ်။

Ref: Thailand's biggest seizure of call scam equipment

#centralnewsnayptitaw

imageimage