ထရမ့်ရဲ့အခွန်တိုးကောက်မယ့်အစီအစဉ်ကြောင့် အမေရိကန် ၄ သိန်း အလုပ်လက်မဲ့ဖြစ်မယ်လို့ မက္ကဆီကို သမ္မတသတိပေး
နိုဝင်ဘာ ၂၈
အကြိုသမ္မတဒေါ်နယ်ထရမ့်ရဲ့ အဆိုပြုချက်အတိုင်း သွင်းကုန်အခွန် ၂၅% ကောက်ခံမယ်ဆိုရင် မက္ကဆီကို နိုင် ငံကလည်း လက်တုံ့ပြန်သွားမှာဖြစ်ပြီး ထရမ့်ရဲ့ဆုံးဖြတ်ချက်အတိုင်းသာ ဆောင်ရွက်ရင် အမေရိကန်ပြည်သူ ၄၀၀,၀၀၀ အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးမယ့်အပြင် ကုန်ဈေးနှုန်းတွေကြီးမြင့်သွားမှာဖြစ်ကြောင်း မက္ကဆီကို သမ္မတကလောက်ဒီရာရှိုှု်င်းဘောင်းက နိုဝင်ဘာ ၂၇ ရက်နေ့က ပြောကြားလိုက်ပါတယ်။
“အမေရိကန်က သွင်းကုန်အခွန်တိုးမြှင့်ကောက်ခံမယ်ဆိုရင် မက္ကဆီကိုကလည်း သွင်းကုန်အခွန် တိုးမြှင့် ကောက်ခံသွားမှာဖြစ်ပါတယ်။” သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ရှိုင်းဘောင်းက ပြောပါတယ်။
မက္ကဆီကိုနိုင်ငံအနေနဲ့ အကြီးမားဆုံး ကုန်သွယ်ဘက်နိုင်ငံက အခွန်တိုးမြှင့်ကောက်ခံမယ်ဆိုရင် မိမိတို့ ဘက် ကလည်း လက်တုံ့ပြန်ဆောင်ရွက်ဖို့အတွက် ပြင်ဆင်နေကြောင်း အဲဒီသတင်းစာရှင်းလင်းပွဲမှာ ၎င်းက ရှင်းလင်း ပြတ်သားစွာ ပြောပါတယ်။
သွင်းကုန်အခွန်တွေ ပြန်လည်တိုးမြှင့်ကောက်ခံမယ့် လက်တုံ့ပြန်စစ်ပွဲတစ်ပွဲအစား ဒေသတွင်း ပိုမိုပူးပေါင်း ဆောင်ရွက်ဖို့ သမ္မရှိုင်းဘောင်းနဲ့အတူ မိန့်ခွန်းပြောကြားစဉ် မက္ကဆီကိုစီးပွားရေးဝန်ကြီး မာဆဲလိုအီးဘရက်က ပြောပါတယ်။
မက္ကဆီကို၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံတို့ကြားက USMCA ကုန်သွယ်ရေးသဘောတူစာချုပ်ကို ချိုးဖောက်ရာကျ တဲ့ ထရမ့်ရဲ့ သွင်းကုန်အခွန်တိုးမြှင့်ကောက်ခံမယ့်အစီအစဉ်ဟာ “ခြေထောက်ကို သေနတ်နဲ့ပစ်တာ” ဖြစ်တယ် လို့ အီးဘရက်က ပြောပါတယ်။
ထရမ့်သတ်မှတ်မယ့်အခွန်ကောက်ခံမှုကြောင့် အမေရိကန်ပြည်သူ အများအပြား အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးပြီး တိုးတက်မှုလျော့ကျသွားမှာဖြစ်သလို မက္ကဆီကိုနိုင်ငံထဲမှာ ကုန်ထုတ်လုပ်ငန်းတွေ လာရောက်လုပ် ကိုင်နေတဲ့ အမေရိကန် ကုမ္ပဏီ အခွန်နှစ်ထပ်ပေးဆောင်နေရတဲ့အတွက် အကြီးအကျယ် ထိခိုက်နစ်နာမှာဖြစ် ကြောင်း အီးဘရက်က ပြောပါတယ်။
ဒီအစီအစဉ်ကြောင့် နယ်စပ်ဖြတ်ကျော်ပြီး မော်တော်ကားထုတ်လုပ်တင်သွင်းနေတဲ့ Ford ၊ General Motors နဲ့ Stellantis ကုမ္ပဏီတို့လို ကားကုမ္ပဏီတွေကိုလည်း ထိခိုက်မှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
အမေရိကန်နိုင်ငံထဲမှာ ရောင်းချနေတဲ့ ပစ်ကပ်ထရပ်ကား ၈၈% ကို မက္ကဆီကို နိုင်ငံထဲမှာ ထုတ်လုပ်နေတာ ဖြစ်ပြီး အခုလို အခွန်တိုးကောက်ရင် ဈေးနှုန်းတွေ မြင့်တက်သွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
အဲဒီပစ်ကပ်ထရပ်ကားတွေဟာ ထရမ့်ကို မဲအများဆုံးပေးခဲ့တဲ့ အမေရိကန်ကျေးလက်ဒေသမှာ လူကြိုက်အများ ဆုံးကားတွေ ဖြစ်ပါတယ်။
“ကျွန်တော်တို့ ခန့်မှန်းထားတာကတော့ အဲဒီပစ်ကပ်ထရပ်ကားတွေရဲ့ ဈေးနှုန်းဟာ ဒေါ်လာ ၃၀၀၀ အထိ မြင့် တက်သွားနိုင်ပါတယ်။” လို့ အီးဘရက်က ပြောပါတယ်။
ရှိုင်းဘောင်းနဲ့ ထရမ့်ဟာ နိုဝင်ဘာ ၂၇ ရက်နေ့ ညနေပိုင်းမှာ ဖုန်းစကားပြောခဲ့ရာ “လုံခြုံရေးဆိုင်ရာပြဿနာ တွေနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးခဲ့တာဖြစ်ပြီး အကောင်းဆုံး ဆွေးနွေးနိုင်ခဲ့ကြောင်း” မက္ကဆီကိုသမ္မတ ရှိုင်း ဘောင်းက X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
Ref: Mexico warns Trump tariffs would kill 400,000 US jobs, threatens retaliation
Credit - New Vision Media
#သတင်းဟင်းလေးအိုးကြီး