နယ်စပ်ဒေသမှာ UWSA တပ်တွေနဲ့ တင်းမာမှုမြင့်တက်နေတဲ့သတင်း ထိုင်းကြည်းတပ်ငြင်းဆို

နိုဝင်ဘာ ၂၈

ထိုင်းနိုင်ငံ မဲဟောင်ဆောင်ပြည်နယ် ပိုင်ခရိုင်အတွင်း ထိုင်းတပ်ဖွဲ့ဝင်တွေနဲ့ UWSA တပ်ဖွဲ့ဝင် (ဝတပ်ဖွဲ့ဝင်) တွေ ကြား တင်းမာမှုတွေမြင့်တက်နေတယ်ဆိုတဲ့ မီဒီယာသတင်းတွေကို ထိုင်းကြည်းတပ်က ပယ်ချုလိုက်ပါကြောင်း Bangkok Post မှာ ရေးသားဖော်ပြထားပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ အဆိုပါသတင်းတွေကို ထိုင်းကြည်းတပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးသီရတ် ဆွမ်ဘက်ဆီရိက နိုဝင်ဘာ ၂၇ ရက်နေ့ (ဗုဒ္ဓဟူး) နေ့က ပယ်ချလိုက်တာဖြစ်ပါတယ်။

“နယ်စပ်အခြေအနေတွေက ပုံမှန်ပါပဲ။ မီဒီယာတွေကပြောသလို အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး ဘယ်လိုအတည် ပြုသတင်းမှ မရှိပါဘူး။” လို့ ၎င်းက ပြောပါတယ်။

ပိုင်ခရိုင်ထဲက နယ်စပ်ဒေသအခြေအနေကို ပိုမိုသိရှိအောင် အသေးစိတ်ထပ်မံအစီရင်ခံတင်ပြဖို့ အမှတ် ၃ တိုင်း စစ်ဌာနချုပ်ကို ထိုင်းကြည်းတပ်က ညွှန်ကြားထားကြောင်း ၎င်းက ပြောပါတယ်။

ချင်းမိုင်ပြည်နယ်နဲ့ မဲဆောင်ပြည်နယ်မှာရှိတဲ့ နယ်စပ်ဒေသအခြေအနေတွေဟာ ပုံမှန်ဖြစ်ပြီး အဲဒီဒေသက ပြည် သူတွေဟာလည်း ပုံမှန်သွားလာလုပ်ကိုင်နေကြကြောင်း အမှတ် ၃ စစ်တိုင်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ရောင်းခွန်မဟာပါညာဝေါင်းက ပြောပါတယ်။

ဒေသတွင်းမှာရှိတဲ့ ထိုင်းကြည်းတပ်နဲ့ UWSA တပ်ဖွဲ့ရဲ့ ဆက်ဆံရေးကလည်း ပုံမှန်အခြေအနေမှာပဲ ရှိနေ ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

“UWSA တပ်ဖွဲ့တွေ လက်ရှိနေထိုင်နေတဲ့ နေရာနဲ့နီးကပ်နေတဲ့ ဒေသတွင်းက နယ်စပ်အခြေအနေတွေတောင် ပုံမှန်အခြေအနေမှာပဲရှိပါတယ်။ နှစ်ဖက်စလုံးက ကောင်းမွန်တဲ့ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားပါ တယ်။” လို့ ၎င်းက ပြောပါတယ်။

ထိုင်းကြည်းတပ်အနေဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ် ကြောင်း ၎င်းက ပြောပါတယ်။

ဒါပေမဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်း အထူးသဖြင့် မဲဟောင်ဆောင်ပြည်နယ်ကို ကာကွယ်ဖို့ တပ်အသင့်ပြင်ထားဖို့အ တွက် ထိုင်းကြည်းတပ်ကို ကာကွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြော ပါတယ်။

UWSA တပ်ဖွဲ့တွေဟာ ပိုင်ခရို်င်ထဲမှာရှိတဲ့ ၎င်းတို့ရဲ့အဓိက စခန်းနှစ်ခုဖြစ်တဲ့ ဒိုင်ဟူမာစခန်း၊ နောင်လန်စခန်းနဲ့ တခြားစခန်းငယ် ငါးခုတို့ကို အင်အားဖြည့်တင်းနေတဲ့အတွက် နယ်စပ်ဒေသ တင်းမာမှုတွေဖြစ်ပွားနေစဉ်မှာ ထိုင်းကြည်းတပ်ကို အခုလို ညွှန်ကြားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းကြည်းတပ်က UWSA တပ်တွေကို အဲဒီဒေသက ပြန်လည်ဆုတ်ခွာသွားစေချင်ပေမဲ့ UWSA တပ်တွေက သဘောမတူဘူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ မတိုင်ခင် UWSA တပ်တွေ အဲဒီဒေသက ဆုတ်ခွာသွားပေးဖို့ ထိုင်းကြည်းတပ်ရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး UWSA ဘက်က ပြန်ကြားချက်ကို ထိုင်းကြည်းတပ်က စောင့်နေတယ်လို့ဆိုပါ တယ်။

နိုဝင်ဘာ ၁၈ ရက်နေ့နဲ့ ၁၉ ရက်နေ့မှာ UWSA အဆင့်မြင်ခေါင်းဆောင် ၆ ဦးနဲ့ ထိုင်းအာဏာပိုင်တွေ ချင်းမိုင်ြမို့ မှာ တွေ့ဆုံဆွေးနွေးစဉ်အတွင်း အဲဒီနေရာကနေ ပြန်လည်ဆုတ်ခွာပေးဖို့ ထိုင်းဘက်က တောင်းဆိုခဲ့တာဖြစ်ပါ တယ်။

အဲဒီနေရာဟာ ၎င်းတို့ပိုင်နက်နေရာဖြစ်တဲ့အတွက် ထိုင်းဘက်က တောင်းဆိုချက်ကို သဘောမတူနိုင်ဘူးလို့ UWSA ဘက်က ပြောကြောင်း RFA သတင်းကို ကိုးကားပြီး သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

Ref: Army says no tensions with UWSA on border

#centralnewsnaypyitaw

imageimage