ထရန့်အစိုးရအတွက် ရွေးချယ်ထားသူ ကိုးယောက်ထက်မနည်း ဗုံးခြိမ်းခြောက်ခံရ
နိုဝင်ဘာ၂၈
ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ရဲ့အစိုးရအဖွဲ့မှာ လျာထားခံရသူအများအပြားကိုပစ်မှတ်ထားပြီး ဗုံးခြိမ်းခြောက်မှု ပြုလုပ်ခံခဲ့ရတယ်လို့ အမေရိကန် အက်ဖ်ဘီအိုင် ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။
ပစ်မှတ်ထားတဲ့နေအိမ်ကို ရဲတွေရောက်ရှိဖို့ လှည့်ဖြားခေါ်ဆိုတဲ့ ဗုံးခြောက်ခြောက်တွေအပါအဝင် ဖြစ်စဉ်တွေကို သိရှိထားပြီး နိုဝင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်တွေမှာ ဖြစ်ပွားခဲ့ဖြစ်ကာ ခြိမ်းခြာက်ခံရသူတွေရဲ့ လုံခြုံရေး တုံ့ပြန်ဆောင်ရွက်ခဲ့တယ်လို့ အက်ဖ်ဘီအိုင်က ဆိုပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ရွေးချယ်ထားသူအပါအဝင် ထရန့်ရွေးချယ်ထားတဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ စိုက်ပျိုးရေးနှင့် အလုပ်သမားဝန်ကြီးဌာနတွေမှာ ခန့်အပ်ဖို့လျာထားသူ ကိုးယောက်ထက်မနည်း ခြိမ်းခြောက်ခံခဲ့ရတယ်လို့ ပြောပါတယ်။
ယင်းဖြစ်စဉ်များကို သမ္မတဂျိုးဘိုင်ဒင် တင်ပြခဲ့ပြီး သမ္မတနှင့် အစိုးရအဖွဲ့က ခြိမ်းခြောက်မှုတွေကို ပြတ်ပြတ်သားသားရှုတ်ချကြောင်း၊ အိမ်ဖြူတော်ဟာ ရွေးကောက်ခံသမ္မတရဲ့အဖွဲ့နဲ့ အဆက်အသွယ်ရှိပြီး အခြေအနေကို အနီးကပ်စောင့်ကြည်နေကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ထရန့်ထောက်ခံသူတွေက ရွေးကောက်ပွဲမသမာမှုရှိတယ်ဆိုကာ အမေရိကန်လွှတ်တော်ကို ဝင်ရောက်စီးနှင်းခဲ့သော်လည်း လက်ရှိသမ္မတဂျိုးဘိုင်ဒင်ကတော့ ထရန့်ကို အာဏာလွှဲပြောင်းရေးနဲ့ အသွင်ကူးပြောင်းရေး ချောမွေ့စေရမယ်လို့ ကတိခံထားပါတယ်။
Ref:BBC
Photo:Getty Images
Credit - Voice of Myanmar News Agency
#သတင်းဟင်းလေးအိုးကြီး