နေပြည်တော်မှာ ငွေစက္ကူ အတု ရောင်းချသူကို ဖမ်းဆီးရမိ
နိုဝင်ဘာ ၂၈
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ထဲမှာ ငွေစက္ကူ အတု ရောင်းချသူကို နိုဝင်ဘာ ၂၄ ရက်နေ့က ဖမ်းဆီးရမိခဲ့ တယ်လို့ နယ်မြေခံရဲစခန်းကနေ သိရပါတယ်။
ငွေစက္ကူ အတု ရောင်းချသူဟာ ငွေစက္ကူ အစစ် (၁)ဆကို ငွေစက္ကူ အတု (၈) ရရှိနိုင်တယ်လို့ လူမှုကွန်ယက် တွေကနေ တဆင့် အခြားသူတွေကို ယုံကြည်အောင်ပြောဆိုပြီး ငွေကြေးလိမ်လည်ရယူခဲ့တာလို့ ဆိုပါတယ်။
သူကိုတော့ နေအိမ်မှာပဲ ငွေကြေးလိမ်လည်ရာမှာ အသုံးပြုတဲ့ VIVO Y 83 အမျိုးစား (၁)လုံးအတူ ဖမ်းဆီး ရမိခဲ့တာလို့ သိရပါတယ်။
ငွေစက္ကူ အတု ဝယ်ယူရရှိနိုင်တယ်လို့ ယုံကြည်အောင် ပြောဆိုပြီး ငွေကြေးတွေ လိမ်လည်ယူခဲ့တဲ့ အတွက် သူ့ကို ဧည့်ဂေဟာ ရဲစခန်း (ပ) ၆၈/၂၀၂၄၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဂ) နဲ့ အမှုဖွင့် အရေးယူထား တယ်လို့ ဆိုပါတယ်။
#centralnewsnaypyitaw