စင်ကာပူမှာ ခွေးကိုနှိပ်စက်တဲ့ မြန်မာအိမ်အကူ ထောင်ဒဏ်ချမှတ်ခံရ

နိုဝင်ဘာ ၂၈

စင်ကာပူမှာ အလုပ်ရှင်ရဲ့ညွှန်ကြားချက်အတိုင်း ခွေးကိုနှိက်စက်ခဲ့တဲ့ မြန်မာအိမ်အကူ ဂျူနီလယ်အွန်ပိုင်ကို တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှု ၃ မှုနဲ့ အင်္ဂါနေ့ (နိုဝင်ဘာ ၂၆ ရက်) မှာ ထောင်ဒဏ် ၉ လ ချမှတ်ခဲ့ပါတယ်။

ယခုနှစ် အစောပိုင်းက ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ခဲ့တဲ့ဗီဒီယိုတစ်ခုအရ အိမ်အကူ ဂျူနီဟာ ခွေးကို တုတ်နဲ့ ၂ ကြိမ်ရိုက်နှက်ခဲ့ပြီး လသာဆောင်လက်ရန်းမှာ ကြိုးနဲ့ချည်နှောင်ထားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။တရားရုံးစာရွက်စာတမ်းတွေအရ ဂျူနီ(အသက် ၁၅ နှစ်) ဟာ ဟိုင် လို့ခေါ်တဲ့ အသက် ၃၇ နှစ်အရွယ် အမျိုးသမီးရဲ့အိမ်အကူဖြစ်ပြီး အိမ်ရှင်ရဲ့ခိုင်းစေမှုအရ လုပ်ဆောင်ရတယ်လို့ ဆိုပါတယ်။ ခွေးလေးကတော့ ဟိုင်ရဲ့ချစ်သူ အသက် ၄၃ နှစ်အရွယ် လဲ့ရဲ့ခွေးဖြစ်ပါတယ်။ ဒါအပြင် အဲဒီခွေးဟာ လဲ့ရဲ့အရင်ရည်းစားဟောင်းနဲ့အတူ မွေးထားတာဖြစ်ပြီး ယခင်က အရင်ရည်းစားဟောင်းအိမ်မှာ နေထိုင်တဲ့ခွေးဖြစ်ပါတယ်။ ဒါပေမယ့် လဲ့က ရည်းစားနဲ့ပြတ်ပြီးနောက် ခွေးကိုပြန်ခေါ်လာပြီး ဟိုင့်ကို မွေးစားဖို့ပေးခဲ့တာ ဖြစ်ပါတယ်။ ခွေးကတော့ တိရစ္ဆာန်ဆေးကုဆရာဝန်ရဲ့ပြောကြားချက်အရ ဦးခေါင်းကို ရိုက်နှက်ခံရခြင်းကြောင့် ပြင်းထန်ဝေဒနာခံစားခဲ့ရပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဟိုင်ဟာ ဂျူနီကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၆ ရက်က အလုပ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ အခုအမှုမှာတော့ ခွေးကိုနှိပ်စက်ဖို့ ခိုင်းစေခဲ့တဲ့အလုပ်ရှင်ကိုလည်း အရေးယူမှုတစ်စုံတစ်ရာ ရှိ၊ မရှိဆိုတာကို မသိရသေးပါဘူး။

#centralnewsnaypyitaw

image