နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၌ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ငွေစက္ကူအတုများ ဝယ်ယူရရှိနိုင်ကြောင်း ယုံကြည်အောင်ပြောဆို၍ ငွေစက္ကူအတု ဝယ်ယူလိုသူများထံမှ ငွေကြေးလိမ်လည်ရယူခဲ့သူအား ဖော်ထုတ်ဖမ်းဆီး

နိုဝင်ဘာ ၂၈

မသမာသူများအနေဖြင့် လူမှုကွန်ရက်ဖြစ်သည့် Facebook တွင် အမည်အမျိုးမျိုးဖြင့် ကိုယ်ပိုင် Page များ ဖွင့်လှစ်အသုံးပြုကာ ငွေစက္ကူအတုများ ဝယ်ယူရရှိနိုင်ကြောင်း ယုံကြည်အောင် ပြောဆို၍ ၎င်းတို့နှင့်ဆက်သွယ်လာသူ ငွေစက္ကူအတုဝယ်ယူလိုသူများထံမှ ငွေကြေးလိမ်လည် ရယူမှုများဖြစ်ပွားလျက်ရှိသည်။

အဆိုပါ Facebook အကောင့်ပိုင်ရှင်များအား ဖမ်းဆီးရမိရေး အတွက်လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အထူးအမှုစစ်အဖွဲ့များဖွဲ့စည်း၍ နည်းပညာအကူအညီရယူကာ စုံစမ်းရှာဖွေဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image