26 w - Translate

ပိုးစာသီးဆိုတာ ပိုးစာပင်ကရတဲ့အသီးဖြစ်ပြီး
ပိုးစာပင်ကခုလူတွေဝတ်နေတဲ့ ပိုးထည်တွေ ထုတ်ပေးတဲ့ ပိုးကောင်လေးတွေရဲ့ အစာပင်မို့ ပိုးစာပင်လို့ခေါ်ပါတယ်။

ပိုးစာသီးကို လူတွေစားလို့ ရသလို၊
ဝိုင်တွေလည်းပြုလုပ်လို့ရပါတယ်။
ပိုးစာသီးသည် ပိုးကောင်များကိုလည်း မွေးမြူနိုင်ပြီး အသီးလည်းခူးဆွတ်နိုင်သည်။
ပိုးစာသစ်ကိုင်းသည် စားသုံးနိုင်သည့် မှိုများကို စိုက်ပျိုးနိုင်ပြီး
စိုက်ပျိုးမှု နည်းပညာမှာလည်း ရိုးရှင်းလွယ်ကူကြောင်းသိရှိရပါသည်။
ပိုးစာသီးကို မည်သည့်မြေအမျိုးအစားတွင်မဆို စိုက်ပျိုးနိုင်သော်လည်း အစိုဓါတ်များပြီး ရေဝပ်သောမြေ၊ ရွံ့စေးမြေ၊ သဲဆန်သောမြေများတွင် မစိုက်ပျိုးသင့်ပေ။
သဲနှုန်းမြေကို အနှစ်သက်ဆုံးဖြစ်ပြီး အပူချိန်မှာ ၁၅ႚC မှ ၄၀ C အတွင်း စိုက်ပျိုးနိုင်သော်လည်း သင့်လျော်သည့်
အပူချိန်မှာ ၂၀ႚC မှ ၄၀ႚC အတွင်း ဖြစ်ပါသည်။

ပိုးစာသီးရဲ့အရသာက စိမ်းရင်ချဉ်သလောက် မှည့်လာတဲ့အခါ ချိုပြီး အရည်ရွမ်းတယ်။
ပိုးစာသီး အရောင်ပြောင်းလဲပုံမှာ အစိမ်းရောင်မှ အနီရောင်၊ အနီရောင်မှ ခရမ်းရောင်ဖြစ်ပါတယ်။

ခရမ်းရောင် ဖြစ်သွားပါက စားလို့ရပါပြီ။
ပိုးစာသီးသည် အနီရောင်ရှိတဲ့အသီးဖြစ်တဲ့အတွက် အခြားအနီရောင် အသီးတွေလိုပဲ အဟာရဓါတ်ပေးပါတယ်။
ပိုးစာသီးသည် သံဓါတ်ချို့တဲ့ပြီး သွေးအားနည်းခြင်း၊ အိုမင်းရင့်ရော်ခြင်း၊ အအေးမိခြင်းတို့ကိုလည်း ကြိုတင်ကာကွယ်ပေးပါတယ်။

ပိုးစာပင်ကို တစ်ကြိမ်စိုက်ထားပြီးနှစ်ရှည်ခံသဖြင့် စီးပွားဖြစ်အသုံးပြုနိုင်သော အပင်ဖြစ်ပါသည်။ အပင်များကို စနစ်တကျပြုစုပါက အရွက်ထွက်ကောင်းပြီး ပိုးများကို ပိုမိုမွေးနိုင်ကာ ဝင်ငွေမှာလည်း ပိုမိုရရှိနိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ရေမြေရာသီဉတုမှာလည်း ပိုးစာပင်ကြိုက် နှစ်သက်သဖြင့် ဒေသတော်တော်များများတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။ ပိုးစာသီးများကို မြန်မာပြည်မှာတော့ တွင်တွင်ကျယ်ကျယ် ရောင်းချစားသုံးတာကို မတွေ့ရသော်လည်း ပြည်ပမှာတော့ ပိုးစာသီးများကို ယိုအဖြစ်တမျိုး၊ အချိုရည်အဖြစ်တစ်ဖုံ၊ ဝိုင်အဖြစ်တစ်မျိုး ပြုလုပ်ကြပါတယ်။

ပိုးစာသီးအပင်ကို စက်ရုံအတွက် အသုံးပြုပြီး ပိုးချည်ထုတ်လုပ်တဲ့ ပိုးကောင်များအတွက် အစာအဖြစ်ကျွေးမွေးပါတယ်။ ပိုးချည်၊ ပိုးထည်ဈေးကွက်မှာလည်း ကမ္ဘာတွင် ကျယ်ကျယ်ပြန့်ပြန့်ရှိသဖြင့် ပိုးစာပင်တိုးချဲ့ စိုက်ပျိုးကာ ပိုးမွေးမြူရေးကို တိုးတက်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

image