26 w - Translate

ဝက်ခြေထောက် သို့ ဝက်လက် စွပ်ပြုတ် ချဥ်စပ်

ဝက်ခြေထောက် သို့ ဝက်လက်များကို မီးဖြင့်ခနကင်ပေးပါ။ အမွှေးတွေရှိနေရင် တခါတည်း အမွှေးတွေမီးလောင်ပြီး စားရတာအဆင်ပြေစေဖို့ပါ။

သကြားကိုအရောင်ရဲလာသည်အထိလှော်ပေး ပြီးရင် ရေ ဆား သကြား ခရုဆီ ဆီအနည်းငယ် ပဲငံပြာရည်အကြည် ငရုတ်ကောင်း ကြက်သွန်ဖြူ ဂျင်း ထည့်ပါ။

ဝက်ခြေထောက် သို့ ဝက်လက်များကိုလည်းထည့်ပြီး နူးအိလာသည်အထိတည်ပေးပါ။ ဝက်ခြေထောက်သို့ ဝက်လက်များနူးအိပြီးရပြီဆိုရင် ကြက်သွန်မြိတ် သို့ နံနံပင် ရှောက်ရွက် ကြက်သွန်ကြော်ထည့်ပြီး အရသာရှိတဲ့ ဝက်ခြေထောက် သို့ ဝက်လက်စွပ်ပြုတ်လေးစားလို့ရပါပြီ။ ဘဲဥ ကြက်ဥ ငုံးဥတို့ကိုလည်း ထည့်စားလို့ရပါတယ်နော်။
ငရုတ်သီးစိမ်းထည့် သံပုရာရည်ညှစ်ပါ

image