26 w - Translate

တော့တင်ဟမ်ဟော့စပါးကွင်းသို့ ပြိုင်ဘက်ကစားသမားတစ်ဦးအဖြစ် ဟာရီကိန်းပြန်လာမည်

ဘိုင်ယန်မြူးနစ်အသင်းတွင် ကစားနေသော အင်္ဂလန်တိုက်စစ်မှူးဟာရီကိန်းသည် အသင်းဟောင်း တော့တင်ဟမ်ဟော့စပါး၏ကွင်းသို့ ပြိုင်ဘက်ကစားသမားတစ်ဦးအဖြစ် ပြန်လာမည်ဖြစ်ကြောင်း သိရသည်။ဘိုင်ယန်မြူးနစ်အသင်းနှင့် တော့တင်ဟမ်ဟော့စပါးအသင်းတို့သည် ယခုနှစ် သြဂုတ်(၁၀)ရက်နေ့တွင် လန်ဒန်မြို့ရှိ တော့တင်ဟမ်ဟော့စပါးအသင်း၏ကွင်း၌ ရာသီကြိုခြေစမ်းပွဲကစားရန်စီစဉ်ထားပြီး ဟာရီကိန်းသာမက ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ အဲရစ်ဒိုင်ယာမှာလည်း အသင်းဟောင်းကို ပြန်ရင်ဆိုင်ရမည်ဖြစ်သည်။ဘိုင်ယန်မြူးနစ်အသင်းနှင့် တော့တင်ဟမ်ဟော့စပါးအသင်းတို့သည် (၂၀၁၉-၂၀)ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် နောက်ဆုံးတွေ့ဆုံခဲ့ဖူးပြီး ထိုစဉ်က ဘိုင်ယန်မြူးနစ်အသင်းက တော့တင်ဟမ်ဟော့စပါးအသင်းကို ပထမအကျော့အဝေးကွင်းတွင် (၇-၂)ဂိုး၊ဒုတိယအကျော့အိမ်ကွင်းတွင် (၃-၁)ဂိုးရလဒ်များဖြင့် ပြတ်ပြတ်သားသားအနိုင်ယူခဲ့သည်။

image