26 w - Translate

ပတ္တရား ဆိပ်ကမ်း အာဏာပိုင်တွေက ဆုန်ခရန် အတွက် စပိဘုတ် ၇၀၀ ကို ပြင်ဆင်ထား

ဆုန်ခရန် ပွဲတော် နီးလာတာနဲ့အမျှ ပတ္တရား ဆိပ်ကမ်း အာဏာပိုင်တွေက ခရီးသွား အများအပြား လာမယ့်အတွက် ပြင်ဆင်နေပါတယ်။ ဧပြီလ ၁၁ ရက်ကနေ ၁၇ ရက်နေ့အထိ ကော့လန်း နဲ့ ပတ္တရားမှာ သင်္ကြန်ပွဲတော်ကို ကျင်းပမှာပါ။

အာဏာပိုင်တွေက ခရီးသည် သင်္ဘော ၆၀ နဲ့ စပိဘုတ် ၇၀၀ ကို ပြင်ဆင်ထားပါတယ်။ နေ့စဉ် အနည်းဆုံး ခရီးသွား ၂၀,၀၀၀ လာရောက်မယ်လို့ ခန့်မှန်းထားပြီး ၇ ရက်ကြာ ပွဲတော်မှာ စုစုပေါင်း ခရီးသွား ၁၄၀,၀၀၀ ကနေ ၁၅၀,၀၀၀ လာရောက်မှာပါ။

ခရီးသည် သင်္ဘော ၁ စီးမှာ လူ ၁၅၀ လိုက်ပါနိုင်ပြီး ပတ္တရားနဲ့ ကော့လန်းကို ၁ နာရီခြား ပြေးဆွဲပေးမှာ ဖြစ်ပြီး ၁ ကြိမ်မှာ သင်္ဘော ၃ စီးကနေ ၄ စီး ပြေးဆွဲပေးမှာပါ။ စပိဘုတ်တွေကိုတော့ Private Trip အတွက် ဝန်ဆောင်မှုပေးမှာပါ။

ဆုန်ခရန် ပွဲတော် ကာလမှာ ပတ္တရား ဆိပ်ကမ်း အာဏာပိုင် ဌာနဟာ ဆိပ်ကမ်းမှာ Public Relation Centre ထားရှိပေးထားမှာပါ။ ဆိပ်ကမ်း ရဲ၊ ခရီးသွား ရဲနဲ့ ကယ်ဆယ်ရေး လုပ်သားတွေဟာ ခရီးသွားတွေ ဘေးကင်းစေဖို့ ဝန်ဆောင်မှုပေးမှာပါ။

Ref : thethaiger

#ဘန်ကောက်လမ်းညွှန်ကိုစိုင်း

image