26 w - Translate

(၂၀၂၃-၂၄)ရာသီ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုအတွက် အကြိတ်အနယ်ဖြစ်နေတဲ့ ကစားသမားများ

နာမည်ကျော်ပရီးမီးယားလိဂ်ပွဲစဉ်(၃၂)မတိုင်မီ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် မန်ချက်စတာစီးတီးတိုက်စစ်မှူး အဲလင်း ဟာလန်းက (၁၈)ဂိုးဖြင့် ဦးဆောင်နေသည်။ဒုတိယနေရာတွင် ချယ်လ်ဆီးတောင်ပံကစားသမား ကိုးလ် ပါးလ်မား၊လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလ၊ဘုန်းမောက်တိုက်စစ်မှူး ဒိုမီနက်ခ် ဆလန်ကီ နဲ့ အက်စတွန်ဗီလာတိုက်စစ်မှူး အိုလေ ဝစ်ကင်စ် တို့က (၁၆)ဂိုးစီ၊ဆဌမနေရာတွင် တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူး ဆွန် ဟောင်မင်၊ဝက်ဟမ်းတောင်ပံကစားသမား ဂျရတ် ဘိုဝင် နဲ့ နယူးကာဆယ်တိုက်စစ်မှူး အလက်ဇန်ဒါး အီဆက်ခ် တို့က (၁၅)ဂိုးစီဖြင့် ပူးတွဲရပ်တည်နေသည်။(၂၀၂၃-၂၄)ရာသီ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ဘယ်ကစားသမားက ရယူသွားနိုင်မလဲ?

image