26 w - Translate

ဘဝက တခါတလေသယ်နိုင်တာထက်ပိုတဲ့ဝန်ထုပ်တွေ ကျောပေါ်တင်ပေးတတ်ပါတယ် ။ လှိုင်းလုံးတွေတစ်လုံးပြီးတစ်လုံး.. ဒူးညွတ်ကျတဲ့အထိ အဖြေရှာမရာတဲ့ပုစ္ဆာတွေဖြေရှင်းနေရတယ် ။ အခက်အခဲတိတိပပသိရင်တောင် ရင်ဆိုင်ဖို့အားခဲရနိုင်ဦးမယ် ။ မရေရာတာတွေအများကြီးပေးချလာတဲ့အခါ အသန်မာဆုံးဆိုတဲ့လူတွေတောင် ရှေ့တစ်လှမ်းဆက်တိုးဖို့တွေဝေရစေပါတယ် ။ ဒီလိုအခြေအနေကို ဘယ်လိုရင်ဆိုင်ကြမလဲ ။

အမှတ်ရပါ

ဟုတ်တယ်.. ကိုယ်ဘယ်လောက်ရဲရင့်တယ်ဆိုတာ ပြန်သတိရဖို့လိုတယ် ။ ခက်ခဲတာမှန်ပေမယ့် ဒါကပထမဆုံးကြုံတဲ့လှိုင်းလုံးမဟုတ်ဘူး ။ လှိုင်းကြီးလှေအောက် တောင်ကြီးဖဝါးအောက်မှလား ။ မလုပ်နိုင်ဘူးထင်ပြီးမှ Ellie တို့ဖြတ်ကျော်ခဲ့တဲ့အရာတွေ Survive ဖြစ်ခဲ့တာ ၊ အောင်နိုင်ခဲ့တာတွေအများကြီးရှိပါတယ် ။

ကြင်နာရမယ်

ဘယ်သူ့ကိုလဲမေးရင် ကိုယ့်ကိုကိုယ်ကြင်နာဖို့အရင်ကြိုးစားပါ ။ တာဝန်ဝတ္တရားတွေရှိတာမှန်ပေမယ့် ကိုယ်လဲလို့မရတဲ့အခါမှာ အခြားသူတွေကိုကယ်တင်ဖို့ခနထားပါဦး ။ စိတ်အနားယူရမယ် ၊ အချိန်ခနလောက် လူတွေနဲ့ဝေးချင်ဝေးနေမယ် ။ ရှေ့နှစ်လှမ်းတိုးချင်တယ်ဆို နောက်တစ်လှမ်း Retreat လုပ်လိုက်ဖို့ဘယ်တော့မှမကြောက်လိုက်နဲ့ ။

ခံစားပါ

မြိုသိပ်ခြင်းက သန်မာတာမဟုတ်ပါဘူး ။ ခံစားချက်ကိုမကြောက်ပဲရင်ဆိုင်တာကမှ တကယ်သန်မာသူပါ ။ ဒီရက်တွေမှာ လူတွေအပူတွေ သတင်းတွေအတင်းတွေကြားမှာ စိတ်ဟာအတော်လေးပင်ပန်းနေတယ် ။ ဒေါသထွက်စရာဆိုထွက်လိုက် ၊ အထိန်းအကွပ်လေးတော့ရှိပေါ့ ဘယ်အရာမှထာဝရမတည်မြဲဘူးလေ ။ ဝမ်းနည်းဖို့လည်းမကြောက်နဲ့ ငိုချလိုက်ရင်ပေါ့သွားမယ် ။ စိတ်ရှင်းလင်းနေမှဆုံးဖြတ်ချက်မှန်မှာမို့ ခံစားဖို့လည်းမကြောက်နဲ့ ဥပေက္ခာပြုသင့်တာမှာလည်းရဲရင့်နိုင်ရမယ် ။

အကူအညီတောင်းပါ

စိတ်ရင်းမှန်တဲ့သူအနားရှိတယ်ဆို လိုအပ်တဲ့ Emotional Support ၊ Financial Support အတွက် အကူအညီတောင်းသင့်တောင်းပါ ။ ကြိတ်ဖြေရှင်းနေခြင်းက ပြသနာကိုမလိုအပ်ပဲကြီးထွားစေပါတယ် ။ ပြောပြသင့်တာပြောပါ ရင်ဖွင့်သင့်တာရင်ဖွင့်နိုင်ရမယ် ။ ဒီလိုပဲကိုယ့်အပူသူမျှယူသလို ကိုယ်ကူညီနိုင်တဲ့ဖက်ကနေလည်း သူ့ရဲ့ဘယ်ကွက်လပ်ကိုကူဖြည့်ပေးနိုင်မယ် အမြဲအသင့်ရှိနေပေးပါ ။ လူညီညီနဲ့ကျော်ဖြတ်တဲ့အခါ နှစ်ဆလွယ်ကူစေပါတယ် ။

မပျောက်သွားနဲ့

ဒါကတော့အရေးကြီးဆုံးဖြစ်မယ် ။ ဘယ်လောက်မှောင်မိုက်တဲ့အခိုက်အတန့်ဖြစ်စေ ၊ ဘယ်လောက်ခက်ခဲတဲ့ပြသနာဖြစ်စေ အမှန်ကန်ဆုံးရင်ဆိုင်ပါ ။ အလွယ်လမ်းမလိုက်နဲ့ ရေတိုဆေးမြီးတိုတွေနဲ့မကုစားလိုက်နဲ့ ။ ကိုယ်သွားနေတဲ့ပန်းတိုင် ၊ ကိုယ့်ရဲ့သိက္ခာတရား ၊ အကျင့်သီလတွေကိုမြဲမြဲကိုင်ထားနိုင်ရမယ် ။ လိပ်ပြာသန့်ရှင်းခြင်းကပဲ စိတ်ပေါ့ပါးစွာခေါင်းချနိုင်စေပါတယ် ။

တစ်ဦးနဲ့တစ်ဦးအပူချင်းမတူပေမယ့် နည်းမျိုးစုံနဲ့လောင်ကျွမ်းနေကြပါတယ် ။ ဒီအရာတွေကကိုယ့်ဘဝလမ်းကြောင်းကို မထင်ထားတဲ့အရပ်မျက်နှာကို ပြောင်းလဲကောင်းပြောင်းလဲစေလိမ့်မယ် ။ အောင်မြင်သူတွေကစိန်ခေါ်မှုကို အခွင့်အရေးအဖြစ်သာမြင်ပါတယ် ။ အလှည့်အပြောင်းကို စိတ်လှုပ်ရှားစရာလို့မြင်တယ် ။ လဲမကျဘူးတဲ့သူမရှိဘူး ၊ လဲကျဖူးမှအမှားသိတယ် ။ အမှားပြင်ဆင်ရင်းနဲ့ အောင်မြင်သွားတဲ့သူတွေပဲရှိတယ် ။

စိတ်မွန်းကြပ်ရသောကာလတွေပါ ။ ဒါကြောင့်အတွေးလေး အရင်ပြောင်းရမယ် ။

ယုံကြည်ချက် ၊ လုံ့လ ၊ အကောင်းမြင်စိတ် ၊ နှလုံးသွင်းမှန်ကန်ခြင်းနဲ့ကျော်ဖြတ်ကြမယ်ဆို ပိုကောင်းတဲ့ဘဝစာမျက်နှာအသစ်တွေ ရှာဖွေတွေ့နိုင်မယ့်အခွင့်အရေးတွေပဲ ဖြစ်ပါလိမ့်မယ် ။

image