26 w - Translate

April 6,7,8,9 တွေမှာ အပူလှိုင်းဖြတ်မှာကြောင့်
မိမိအိမ်က တိရစ္ဆာန်လေးတွေ Heat Stroke ဖြစ်ပြီး
ရုတ်တရက်တက်တာမျိုးဖြစ်ပေါ်ပါက
Emergency အသက်ကယ်နည်းလေးတွေ
Sharing လုပ်ပေးချင်ပါတယ် ။

Heat Stroke ဖြစ်တယ်ဆိုတာ
ရာသီဥတုအရမ်းပူပြင်းတာကြောင့်
Body Temperature တွေ တက်လာပြီး
အကောင်းတိုင်းနေရင်းကနေ
ရုတ်တရက်ရှော့ခ်ထဖြစ်တာကိုခေါ်ပါတယ် ။

မိမိအိမ်က Small Pet လေးတွေ
Heat Stroke ဖြစ်နေတာကို
အချိန်မှီမသိရှိ၍ဖြစ်စေ ၊ အချိန်မှီသိရှိသော်လည်း
အရေးပေါ်ကယ်နည်းတွေ မသိရှိ၍ဖြစ်စေ ၊
ကိုယ်မှ လက်မဦးလျှင် Heat Stroke ကလက်ဦးပြီး
အသက်ဆုံးရှုံးတဲ့အထိဖြစ်နိုင်ပါတယ် ။

ဒါကြောင့် ကြိုတင်လေ့လာထားရအောင်
မင်မင် sharing လုပ်ပေးလိုက်ပါတယ်

⭐️Small Pet လေးတွေ Heat Stroke ဖြစ်နေပြီဆိုရင် ဘယ်အချက်တွေကသိသာစေလဲ ?

- အရင်ဦးဆုံး နားရွက်လေးတွေက နီရဲပြီး
သာမာန်အပူချိန်ထက် သာလွန်စွာရှိနေပါလိမ့်မယ်
ဒါကြောင့် မိမိ pet လေးတွေရဲ့
နားရွက် temperature ကို
အမြဲ ကိုင်ကြည့် စမ်းကြည့်ပေးပါ ။

- အသက်ရှုတာ ပုံမှန်မဟုတ်ဘူး
ပုံမှန်ထက်မြန်နေမယ် ပါးစပ်ဟပြီးအသက်ရှုနေမယ်။
သွားရည်တွေ နှာရည်တွေကျနေမယ် ။
နှာခေါင်းနဲ့ ပါးစပ်တစ်ဝိုက်မှာလည်း
ချွေးတွေစိုနေပါမယ် ။ အမြဲစစ်ကြည့်ပေးပါ ။

⭐️အထက်ပါလက္ခဏာတွေ ဖြစ်နေပြီဆိုရင်
အရေးပေါ် ကယ်တင်နည်း

1️⃣မိမိရဲ့ Small Pet လေးကို အိမ်မှာရှိနေတဲ့
အအေးဆုံး နေရာကိုရွှေ့ပြောင်းပေးပြီး
လွတ်လွတ်လပ်လပ်လွှတ်ထားပေးပါ ။

⭐️ဤတွင် သတိပြုရန်အချက်မှာ
Heat Stroke ဖြစ်နေပြီဆိုပြီး စိုးရိမ်လွန်စိတ်နဲ့
အဲကွန်းခန်းထဲထည့်လိုက်တာမျိူးမလုပ်ရပါ⭐️

သာမာန် Room Temperature ထဲမှာကိုမှ
သဘာဝအလျှောက်အေးတဲ့နေရာ
လေဝင်လေထွက်ကောင်းတဲ့နေရာ
နေရောင်ခြည်မကျရောက်ရာနေရာဖြစ်ရပါမယ်။
ဥပမာ - မင်မင်တို့အိမ်ဆိုရင် နေ့ခင်းဘက်တွေ
အိမ်ရှေ့မှာပိုပူပြီး အိမ်နောက်ဖေးဘက်လေးက
နည်းနည်းအပူပိုသက်သာတယ် ။

2️⃣ Body temperature ကျအောင်
အပူချိန်ညှိပေးတဲ့အနေနဲ့ဘဲ ရိုးရိုးရေနဲ့
ရေဘတ်သုတ်ပေးပါ ။ ရေဘတ်သုတ်ပေးပြီးရင်
အဲ့အဝတ်အေးအေးလေးနဲ့ ခန္ဓာကိုယ်လေးကို
ခဏပတ်ထားပေးပါ ။

3️⃣ Heat ကျသွားလို့ သူ့ကြည့်ရတာ နည်းနည်း
သက်တောင့်သက်သာပြန်ဖြစ်လာပြီဆိုရင်တော့
ရေဓာတ်အားဖြည့်ပေးတဲ့ ဓာတ်ဆားရည်တစ်မျိုးကို
တစ်စက်ချင်းစီ syringe လေးနဲ့
Heat stroke ဖြစ်ပြီးကနေ ညနေ နေအေးသည်အထိ
5min ခြားတစ်ခါ နည်းနည်းစီ ဓာတ်ဆား
ဝင်သလောက်တိုက်နေပေးပါ ။

အဲ့တာဆို Heat Stroke အန္တရာယ်ကနေ
ပြန်လည်ကယ်တယ်နိုင်ပါပြီ။
စဖြစ်တာနဲ့ Heat stroke ဖြစ်ကြောင်းသိရှိပြီး
အရေးပေါ်ကယ်တင်နည်းတွေက
အချိန်မှီဖို့တော့လိုတယ်ရှင့်

ဒါကြောင့် Heat stroke ထဖြစ်တော့မှ
သူများလိုက်မေးနေရတာထက်
ဒီစာလေးဖတ်ထားမိတော့ ဖြစ်ရင်
ဘာတွေ ဘယ်လိုလုပ်ပေးရမလဲ တန်းသိနေတော့
အသက်ပိုမှီတာပေါ့နော်

Sharing is Caring မို့ post လေးကိုလည်း
တခြား pet ပိုင်ရှင်တွေမြင်အောင်
Share လုပ်ပေးသွားအုန်းနော် 🫶

အခုချိန်မှာတော့ ကိုယ့်အိမ်က မိသားစုဝင်တွေ နဲ့
Pet လေးတွေကို အရိပ်တကြည့်ကြည့်နဲ့
အမြဲလိုက်ကြည့်နေတာကောင်းပါတယ် ။
ဟူးမန်းတို့လည်း နေ့လည်နေ့ခင်း
Royal D သီးစုံဓာတ်ဆားလေးဘာလေးသောက်ကြပါ

Small pet လေးတွေကိုလည်း
Heat Stroke မဖြစ်သေးပေမယ့်
ကြိုတင်ကာကွယ်တဲ့အနေနဲ့
အေးတဲ့နေရာလေးတွေမှာ ပြောင်းရွှေ့ထားပေးတာတို့
ရေဓာတ်အားဖြည့်ပေးတဲ့ ဓာတ်ဆားလေးတွေ
တိုက်ပေးတာတို့လည်း လုပ်လို့ရပါတယ် ။

ယုန် ၊ ပူး ၊ ဟမ်းစတား ၊ ငှက် ၊
ရှဉ့် နဲ့ Dumbo Rat အတွက်

အစာကို မနက် နေမပြင်းခင် တစ်ခါ
ညနေ နေအေးချိန် တစ်ခါ
တစ်နေ့ အဲ့အချိန် ၂ ချိန်သာ အဓိကထားကျွေးပေးပါ
နေ့ခင်းနေ့လည် အဆာပြေသဘောအနေနဲ့
အသီးအရွက်လေးတွေ အနည်းငယ်ကျွေးပေးပါ။
နံနံပင်၊ မြင်းခွါရွက် ၊ ဆလပ်ရွက် ၊ ပန်းသီး ၊
ပန်းသစ်တော် ၊ သင်္ဘောသီး ၊ ဖရဲသီး
အဲ့အသီးအရွက်လေးတွေ
အဓိကထားကျွေးပေးပါ 🫶

#generalknowledge #heatstroke
#heatstress #pets

image