26 w - Translate

၀ုဗ်အသင်း‌ ခေါင်းဆောင် ကို ခေါ်ဖို့ အံ့အားသင့်ဖွယ် ချည်းကပ်လာနေတဲ့ မန်ယူ
.
.
.
မန်ယူအသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွေ့မှာ ခံစစ်ကစားသမားတစ်ယောက်ကို ခေါ်ယူဖို့ အမြန်ဆုံးပြင်ဆင်နေပြီး ၀ုဗ်အသင်း‌ ခေါင်းဆောင် ကေးလ်မန်းက မန်ယူရဲ့အဓိိက ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။
ကေးလ်မန်း ဟာ ဒီရာသီ ၀ုဗ်အသင်းရဲ့ပွဲစဥ်တိုင်းကို ပါ၀င်ကစားပေးထားသူဖြစ်ပြီး နည်းပြ ဂယ်ရီအိုနေးလ်ရဲ့ စိတ်ကြိုက်ကစားသမားလည်းဖြစ်ပါတယ်။

မန်ယူရဲ့ခံစစ်ကစားသမားတွေဖြစ်ကြတဲ့ မာတီနက်ဇ်၊ လင်ဒီလော့ဖ်တို့ ဒဏ်ရာရသွားချိန်မှာ မန်ယူအနေနဲ့ ခံစစ်ဗဟိုကစားသမားတစ်ယောက်ကို မဖြစ်မနေခေါ်ယူဖို့ လိုအပ်လာခဲ့ပြီး ကေးလ်မန်းက သူတို့ရဲ့စိတ်ကြိုက်အတွေ့ဆုံး ကစားသမားဖြစ်နေခဲ့ပါတယ်။
မန်ယူအသင်းရဲ့ကင်းထောက်တွေဟာ ၀ုဗ်အသင်းရဲ့ပွဲစဥ်‌ တွေဆီ မကြာမကြာရောက်လာတတ်တာကို တွေ့နေရပေမယ့် အသင်းနှစ်သင်းအကြား ဆက်သွယ်မှုတွေကတော့မရှိသေးပါဘူး။

အိုနေးလ်က သူ့ရဲ့အသင်းခေါင်းဆောင်ကို ထိန်းထားဖို့ ကြိုးစားမှာဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီတုန်းက နာပိုလီရဲ့ကမ်းလှမ်းမှုကို အောင်မြင်စွာနဲ့ ငြင်းပယ်နိုင်ခဲ့ဖူးတာပါ။ နာပိုလီဟာ ကင်မင်ဂျေးရဲ့နေရာမှာ အစားထိုးဖို့ အသက် ၂၆ နှစ်အရွယ် ကေးလ်မန်းကို ချိတ်ဆက်ခဲ့ပြီး ၀ုဗ်ဖက်က ဒီကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

ကေးလ်မန်း ကိုယ်တိုင်ကလည်း ပိုပြီးအင်အားကြီးတဲ့အသင်းတစ်သင်းဆီ ပြောင်းရွေ့ချင်နေခဲ့ပြီး မကြာခင်ရောက်လာတော့မယ့် အပြောင်းအရွေ့စျေးကွက်ထဲမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရတော့မှာပါ။

#ဘော်လုံးသတင်းစုံ

image