တရုတ်စံကားပန်းနဲ့ ပတ်သတ်ပြီး ဟာဝိုင်အီမှာ ဓလေ့တစ်ခုရှိတယ်တဲ့🌼
အဲဒါကတော့ အမျိုးသားတွေက သူတို့ချစ်တဲ့အမျိုးသမီးအတွက် ရည်စူးပြီး တရုတ်စံကားပန်းတွေနဲ့ ဆွဲကြိုးလေးတွေ လက်ပတ်လေးတွေ လုပ်ကြတယ်တဲ့။ ပြီးတော့ အဲဒီပန်းဆွဲကြိုးလေးတွေ လက်ကောက်လေးတွေကို ပေးပြီး သူတို့ချစ်တဲ့သူကို ချစ်တယ်လို့ ဖွင့်ဟဝန်ခံကြသတဲ့။
တရုတ်စံကားပန်းက ဟာဝိုင်အီရဲ့ ပန်းဖြစ်တာမို့ သူတို့ကျွန်းကို လာတဲ့သူတွေကို တရုတ်စံကားပန်းလေးတွေပေးပြီး တွေ့ရတာဝမ်းသာတဲ့အကြောင်း ပြလေ့ရှိကြတယ်။
သူ့ရဲ့ ပန်းစံကားလေးကတော့ “တွေ့ရတာ ကံကောင်းလိုက်တာ” တဲ့
