အာဆီယံ သေနတ်ပစ်ပြိုင်ပွဲမှာ မြန်မာ့တပ်မတော်က နိုင်ငံအလိုက် တတိယဆုရရှိခဲ့ပြီး
ရွှေတံဆိပ် (၅) ဆု ရရှိခဲ့
နိုဝင်ဘာ ၂၄
အာဆီယံ တပ်မေတာ် (ကြည်း) သေနတ်ပစ်ပြိုင်ပွဲမှာ မြန်မာ့တပ်မတော်က နိုင်ငံအလိုက် တတိယဆုရရှိခဲ့ပြီးရွှေတံဆိပ် (၅) ဆု ရရှိခဲ့တယ်လို သိရပါတယ်။
အဲ့ပြိုင်ပွဲဟာ (၃၂)ကြိမ်မြောက် ဖြစ်ပြီး ဖိလစ်ပိုင် နိုင်ငံက အိမ်ရှင်အဖြစ်နဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကာ အာဆအဖွဲဝင် (၁၀) နိုင်ပါဝင် ယှဉ်ပြိုင်ခဲ့ကြတယ်လို သိရပါတယ်။
မြန်မာ့တပ်မတော် ေသနတ်ပစ်အသင်းကနေ ရိုင်ဖယ်ပစ်၊ ကာဘိုင်ပစ်၊ စက်သေနက်ပစ်၊ ပစ္စတိုပစ်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲတွေမှာ
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
သေနတ်ပစ်ပြိုင်ပွဲများရဲ့ Friendly Match ပွဲစဥ်(၃)မျိုးမာ Pistol(W) ရွှေ (၁) ခု၊ ငွေ (၂) ခုနဲ့ ကြေး (၆)ခု၊ Pistol(M) ရွှေ (၁) ခု၊ Carbine ငွေ (၁) ခုနဲ့ ကြေး (၁) ခု၊ Rifle ရွှေ (၁) ခု နဲ့ ငွေ (၁)ခု ၊ Machine Gun ရွှေ (၁) ခုနဲ့ အသင်းလိုက် (၅သင်း)ပြိုင်ပွဲမှာ ရွှေ (၁) ခု ရရှိခဲ့တယ်လို သိရပါတယ်။
#centralnewsnaypyitaw