8 w - Translate

ဒီနေ့မနက် အမဲသားဟင်း
ခရမ်းချဥ်သီးသုပ်
မြင်းခွာရွက်ဟင်းခါးပါ
အမဲသားအရွတ်ပါတာတုံးထားတာကိုသန့်စင်ရေဆေးပြီးရေများများထည့်ကာစပါးလင်
တချောင်းထုထည့်နံနံပင်အမြစ်ထည့် ချင်းထူထူသုံးပြားကြက်သွန်ဖြူတဥထည့်ပါ ဆားအချိုမှုန့်ထည့်ပြီးရေခမ်း
နူးအောင်ပြုတ်ထားပါ
အိုးတလုံးမှာဆီသင့်ရုံထည့်
ကြက်သွန်နီစင်းလှီးထားတာထည့်ချင်းကြက်သွန်ဖြူထောင်းထားတာထည့်ပျဥ်တော်သိမ်ရွက်ပါထည့်ပါ အနံ့
မွှေးလာအောင်ဆီသပ်ပါ
နနွင်းမှုန့်ငရုတ်သီးအစိမ်းမှုန့်ပါထည့်ပြီးအနှစ်ကျအောင်ဆီသပ်ပါ အမဲသားနူးအောင်ပြုတ်ထားတာထည့်ပါ မွှေပေးပါ ရေထပ်ထည့်ပါ ဆားအချိုမှုန့်ထည့်ပါ မဆလာမွှေး ဇီယာစေ့နံနံစေ့အမှုန့်ပါထည့်ပါ
ရေခမ်းဆီပြန်လာရင်အရသာ
မြည်းကြည့်ပါ အနေတော်ဆိုရင်အမဲသားဟင်းရပါပြီ
ခရမ်းချဥ်သီးကိုရေဆေးပြီးလှီးကာပန်းကန်တခုမှာ
ထည့်ပါ ကြက်သွန်နီပါးပါးလှီးထည့်ပါ နံနံပင်ရေဆေးပြီးလှီးထည့်ပါ ဗင်နီကာနဲနဲထည့်ပါ ငံပြာရည် အချိုမှုန့်ထည့်ပါ ငရုတ်သီးအကျက်မှုန့် ပုဇွန်
ခြောက်မှုန့် ပဲမှုန့်အကျက်မှုန့်
ထည့်ပါ ကြက်သွန်ဖြူဆီချက်
ထည့်ပါ စားသည့်အခါဖွဖွလေးနယ်ပါ အရသာမြည်း
ကြည့်ပါ အနေတော်ဆိုရင်
ခရမ်းချဥ်သီးသုပ်ရပါပြီ
အိုးတလုံးမှာရေကိုချိန်ဆထည့်ပြီးဆူအောင်တည်ပါ ငပိစိမ်းစား ပုဇွန်ခြောက်မှုန့်ထည့်ပါ ဆူလာရင်တက်လာတဲ့အမြုပ်တွေကိုခပ်ပြစ်ပါ မြင်းခွာရွက်ကိုရေဆေးပြီးအနေတော်
လှီးထည့်ပါ ဆားအချိုမှုန့်ငံပြာရည်ထည့်ပါ အရသာမြည်းကြည့်ပါ အနေတော်ဆို
ရင်ကြက်သွန်ဖြူခပ်များများကိုထောင်းပြီးထည့်ပါ ငရုတ်
ကောင်းမှုန့်ထည့်ပါ မြင်းခွာရွက်ဟင်းခါးရပါပြီ
စားကောင်းကြပါစေ

image