26 w - Translate

ပြောင်းဖူးကြော်

ပါဝင်ပစ္စည်းများ
• ပလို့ပြောင်းဖူး - ၂ ဖူး
• ကြက်သွန်ဖြူ - ၃ မြွှာ
• ကြက်သွန်နီ - ၂ လုံး
• ကြက်သွန်မြိတ် - အနည်းငယ်
• ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ငရုတ်ကောင်းမှုန့် - အနည်းငယ်
• ဆီ - စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်
၁။ ပြောင်းဖူး (အစိမ်း)ကို ပိုင်းပြီး အစေ့များ လှီးထုတ်ထားပါ။
၂။ ကြက်သွန်ဖြူ (နုပ်နုပ်စဉ်း) နှင့် ကြက်သွန်နီ (ပါးပါးလှီး) တို့ကို ဆီသတ်ပါ။
၃။ အနံ့မွှေးလာပြီဆိုလျှင် ပြောင်းဖူးထည့်ပေးပါ။ အရသာများထည့်ပါ။
၄။ ရေကို လိုအပ်သလို ပြောင်းဖူးနူးလာသည်အထိ နည်းနည်းချင်းထည့်ပြီး ကြော်ပေးပါ။
၅။ ပြောင်းဖူးနူးလာပြီဆိုလျှင် ကြက်သွန်မြိတ်ဖြူးပြီး သုံးဆောင်နိုင်ပါပြီ။

image