8 w - Translate

ချဲလ်ဆီးနောက်ခံလူ ရိစ်ဂျိမ်းစ် တံကောက်ကြောဒဏ်ရာ ထပ်ရသဖြင့် အနားယူရမည်

ချဲလ်ဆီးနောက်ခံလူ ရိစ်ဂျိမ်းစ်ဟာ လေ့ကျင့်ရေးကွင်းမှာ တံကောက်ကြောဒဏ်ရာ ထပ်ရခဲ့တာကြောင့် အနားယူသွားရမှာ ဖြစ်ပါတယ်။

အင်္ဂလန်ညာနောက်ခံလူဟာ ဒဏ်ရာမကြာခဏရလေ့ရှိပြီး အသင်းရဲ့ ပွဲစဉ် ၆ ပွဲဆက်အထိသာ ပွဲဆက်အများဆုံး ကစားခဲ့ဖူးသူပါ။

လက်ရှိဒဏ်ရာဟာ ကာလရှည် ခံစားနေရတဲ့ တံကောက်ကြောဒဏ်ရာဖြစ်ပြီး ၄ နှစ်အတွင်းမှာ ၈ ကြိမ်အထိ ဒဏ်ရာရရှိခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။

ဘယ်လောက်အထိ အနားယူရမလဲဆိုတာ မသေချာသေးပေမဲ့ ရက်သတ္တပတ် တပတ်ထက် ပိုပြီး အနားမယူရဖို့ မျှော်လင့်ကြောင်း နည်းပြ မာရက်စ်ကာက ပြောပါတယ်။

ချဲလ်ဆီးအသင်းမှာ နိုင်ငံအသင်းကနေ နုတ်ထွက်ခဲ့ကြတဲ့ ပါလ်မာ၊ ကိုဝဲလ်၊ ဖိုဖာနာ၊ ဂတ်စ်တိုနဲ့ လာဗီယာတို့ အားလုံးက ပြန်လည်ကစားနိုင်မှာ ဖြစ်ပါတယ်။
DVB
Photo: Reuters

image