26 w - Translate

Baby blue eyes လို့အများသိကြတဲ့ Nemophilaမှာ ဝမ်းနည်းစရာပုံပြင်လေးရှိတယ်။
Nemophilaလို့ခေါ်တဲ့မိန်းမငယ်လေးကို ချစ်မိတဲ့အမျိုးသားဟာ သူမကိုသာလက်ထပ်နိုင်မယ်ဆို သူသေချင်သေပါစေ ဂရုမစိုက်ဘူးလို့ နတ်ဘုရားထံကို ဆုတောင်းခဲ့တယ်။ နတ်ဘုရားက သူ့ရဲ့ဆုတောင်းကိုဖြည့်ဆည်းပေးခဲ့တာပေါ့။ သူတို့လက်ထပ်နိုင်ခဲ့ကြပေမယ့် သူ့ဆုတောင်းအတိုင်း သူ့အသက်ကို ပေးခဲ့ရတယ်။ ဒီအကြောင်းတွေကိုသိသွားတဲ့ Nemophilaဟာ ၀မ်းပန်းတနည်းနဲ့ ငရဲအထိဆင်းပြီး သူ့အမျိုးသားကို တွေ့ဖု့ိကြံတယ်။ဒါပေမယ့် မြေအောက်ကမ္ဘာရဲ့တံခါးကတော့ ပိတ်ထားမြဲဖြစ်ပြီးပွင့်မလာဘူးတဲ့။ Nemophilaဟာ ငရဲတံခါးဝမှာ နေ့တိုင်းငိုကျွေးရင်း သူ့ယောကျာ်းကိုတွေ့နိုင်ဖို့ စောင့်နေခဲ့တယ်။ ဒါကိုသိသွားတဲ့နတ်ဘုရားဟာ သူမကိုသနားသွားတာမို့ ပန်းလေးအဖြစ်ဖန်ဆင်းပြီး စောင့်ဆိုင်းစေခဲ့တော့တယ်တဲ့။

နောက်ထပ်လူသိပ်မသိတဲ့ Nemophilaရဲ့ အဓိပ္ပါယ်က "ခွင့်လွှတ်ပါတယ်"တဲ့။

Photo by mastagram2222

image
image
image