8 w - Translate

Part-2
#ဖိုးကျော့ (ကြိမ်ဗျစ်တောက မြွေနီဆန်း)
“ပျားအုံများလားကွ”
“ပျားအုံဆိုရင် အုံပေါ်မှာ ပျားကောင်တွေ မြင်ရမှာပေါ့။ ခု အလုံး ကြီးနားမှာ ဘာပျားကောင်မှ မရှိဘူး။ ပြီးတော့ ကျီးပေါင်းလုံးလည်း မဟုတ်၊ ခါချဉ်ထုပ်လည်း မဟုတ်ဘူး။ ကျွန်တော် သေသေချာချာ ကြည့်ပြီးပြီဗျ။ မြေလုံးလုံးကြီးပဲ ဦးကြီးရယ်။ ပဒူ (ပျားတူ) အိမ်ကြီးလားဗျ”
“မင်း အဘ… ပဒူ (ပျားတူ) က မြေကြီးထဲပဲ ကျင်းနဲ့နေတာ။ ဘယ့်နှယ် သစ်ပင်ပေါ် အိမ်လာဖွဲ့မှာလဲ။ ပြီးတော့ ပဒူ (ပျားတူ) အုံဆိုရင် ပဒူကောင်တွေ မြင်ရမှာပေါ့၊ နကျယ်အုံများလား”
“ဦးကြီးကလည်း၊ နကျယ်အိမ်က ဒီလောက်ကြီးမလားဗျ”
“တောကြီးနကျယ်ကောင်တွေဆို ကြီးချင် ကြီးမှာပေါ့ကွ။ အလုံး ကြီးက မြေလုံးကြီးဆိုတော့ နကျယ်အိမ်ကလွဲပြီး တခြားဟာ မဖြစ် နိုင်ဘူး"
“တောထဲမှာ နကျယ်အိမ် ဒီလောက်ကြီးတာ ကျွန်တော်တော့ မမြင်ဖူးဘူး”
“မင်း မမြင်ဖူးတိုင်း မရှိမပြောနဲ့။ မင်း ပျားကောင် ဘယ်လောက် ကြီးကြီးထိ မြင်ဖူးလဲ” “ပျားနသန်ကောင်ဆို လက်သန်းလောက်ရှိတာ မြင်ဖူးတယ်” တို့ မဟာမြိုင်တောထဲက စဉ်ပျားတွေဆို အုံက လှည်းဘီး လောက်ရှိပြီး အကောင်တွေက လက်မလောက်ရှိတာ မင်းမှ မမြင်ဖူးတာ”
“ဦးကြီး... ဒီမှာလည်း စွပ်ကြောင်းလိုလို၊ ဗိုက်ချပ်ရာလိုလို ပင်စည် မှာ အကြောင်းတစ်ကြောင်းဗျ”
တစ်ယောက်ဖက်လောက်ရှိသော သပြေပင်ကြီးကို လှည့်ပတ် ကြည့် နေသူ စံသိန်းက ပြောပြန်၏။ စံသိန်း ပြောသည်မှာ မှန်သည်။ သပြေပင်စည်ပေါ်မှသည်အောက်မြေကြီး၊ အောက်မြေပြင်မှသည် စမ်းချောင်းရှိရာဘက် တိရစ္ဆာန် တစ်ကောင်ကောင် အခေါက်ခေါက် အခါခါ သွားလာထားသော ကြောင်းရာကို တွေ့ ရ၏။ ထိုလမ်းကြောင်းမှာ ပြောင်ချောနေသည်။ သာ လမ်း ပင်စည်က ခြကြောင်းမက လက်သုံးလုံးနီးပါးရှိသော လမ်းကြောင်း ကို သူတို့နှစ်ယောက် သေသေချာချာ ကြည့်ကြသည်။ လမ်းကြောင်း ပေါ်တွင် ထိုသတ္တဝါ သွားလာမှု ခေါက်ရေများသဖြင့် သစ်ခေါက်ခွံများ ပင် ပြောင်ချောနေသည်။ ပြီး လမ်းကြောင်းက လတ်လတ်ဆတ်ဆတ်။ စိုနေသော မြေစရွှံ့နွံစလေးတွေကိုလည်း တွေ့ ရ၏။ ထိုလမ်းကြောင်း သည် သပြေပင်ပေါ်ရှိ အလုံးကြီး၌ အဆုံးသတ်နေသလို မြေပြင်တွင် တော့ စမ်းချောင်းဘက်ကို ဦးတည်နေပြီး ဘယ်နေရာ၊ ဘယ်ဒေသ၌ အဆုံးရှိလိမ့်မည်ကို မသိကြချေ။
အေးကွ၊ ထူးဆန်းတယ်။ ဒီလမ်းကြောင်းကို ကြည့်ရတာတော့ တိရစ္ဆာန်တစ်ကောင်ကောင်ရဲ့ ဗိုက်ရှပ်ရာလမ်းကြောင်းပဲ။ ဒီလမ်းကြောင်း က ထိုအပင်ပေါ်မှာရှိတဲ့ မြေလုံးကြီးဆီမှာ အဆုံးသတ်နေတော့ အဲဒီ မြေလုံးကြီးဟာ...”
“ဦးကြီး၊ ဦးကြီး”
ဦးကြီးထွန်း၏ စကားမဆုံးမီ စံသိန်းက အထိတ်တလန့် ခေါ် လိုက်သဖြင့်
“ဘာလဲကွ စံသိန်း"
“စမ်းဘက်က ကျွန်တော်တို့ဘက်ကို လာနေတဲ့ ခြေသံလိုလို ကြားတယ်။ ဦးကြီးလည်း ကြားတယ်မို့လား။ ခု စောစောကနဲ့စာရင် ပိုကျယ်လာသလိုပဲဗျ”
ဦးကြီးထွန်း နားစွင့်လိုက်၏။ မှန်သည်။ မြေပြင်က သစ်ရွက်ခြောက်တွေကို တိုးတိုက်လာနေသလို၊ မြေပေါ်တွင် အရာဝတ္ထုတစ်ခုခုကို ချဆွဲယူငင်လာသလို တရှဲရှဲ မြည်လာသံတစ်ခုကို ကြားကြရ၏။ ချက်ချင်းပင် နှစ်ယောက်သား သစ်ပင်နားကခွာပြီး မနီးမဝေးရှိ ကညင်ပင်ကြီးတစ်ပင်ကို ကွယ်ကာ အသံလာရာဘက် နားစွင့်ကြည့် နေကြသည်။ မကြာပါချေ။ ရှဲရှဲမြည်သံက ကျယ်လာသလို အသံရှင်ကလည်း ပေါ်လာလေသည်။ လူကြီးလက်ကောက်ဝတ်သာသာရှိသော မြွေထူးမြွေဆန်းတစ် ကောင်သည် စမ်းချောင်းဘက်မှ သူ သွားလာနေကျဖြစ်သော သပြေ ပင်ကြီးဘက်ဆီ ဦးတည်တက်လာနေသည်။ မြွေထူးမြွေဆန်းဟု ပြောရခြင်းမှာ ထိုမြွေတစ်ကိုယ်လုံးသည် တွတ် တွတ်နီနေသည်။ ပြီးတော့ ကျောရိုးတစ်လျှောက်တွင် ဆူးတောင်လေး တွေ ပါပြီး ထိပ်ပေါ်ရှိ အမောက်က လက်နှစ်ဆစ်လောက်ရှည်သည်။ မြင်စကမူ ပုတ်သင်ညိုကြီးလားဟုပင် ထင်မိလိုက်ကြသေး၏။ သို့သော် ပုတ်သင်ညိုလို ခြေ၊ လက် မပါ။ ဗိုက်ရှပ်၍ လာနေသလို သပြေပင် ပေါ်ကိုလည်း ဗိုက်ရှပ်၍ပင် တက်သွား၏။ ထိုအခါမှ သူတို့က မြွေမှန်း သိကြသည်။ ထိုမြွေသည် သပြေပင်ပေါ်ရှိ မြေလုံးကြီးပေါ်တက်၍ ဗိုက်ရှပ်တွား သွားနေသည်။ ကြည့်ကောင်းကောင်းနှင့် ဦးကြီးထွန်းနှင့် စံသိန်းတို့ ငေးကြည့်နေကြရာ ကွမ်းတစ်ယာညက်အချိန်လောက်မှာ လာရာလမ်း ကြောင်းအတိုင်း ပြန်ဆင်းလာပြီး စမ်းချောင်းဘက်ကို ဆင်းသွားပြန် သည်။ ထိုအခါမှ ဤမြွေသည် အခြားမြွေများလို အသိုက်ကို သစ်ရွက် သစ်ခက်၊ နွယ်မြက်တို့နှင့်မလုပ်ဘဲ ရွှံ့စေး၊ နွံမြေတို့နှင့် အသိုက်လုပ်မှန်း သိကြရသည်။ သူ၏ ဝမ်းဗိုက်တွင် အရစ်အရစ်ထနေသော ကွဲ ကြောင်းများ၌ ရွှံ့နွံများကို သယ်လာသည်။ သူ့ ဝမ်းဗိုက်တစ်လျှောက် တွင် သံချပ်ကာချိန်းကြိုး၊ တင့်ကားချိန်းကြိုးများလို အကြားအကြားတို့ ၌ ရွှံ့နွံတို့ပါလာကြသည်ကိုလည်း သူပြန်သွားသော စွပ်ကြောင်းနှင့် မြေအစအန စိုနေသည်ကို မြင်ရ၍ သိကြရ၏။ ဦးကြီးထွန်းနှင့် စံသိန်းတို့သည် ထိုမြွေ စမ်းချောင်းဘက် ဆင်းသွား သောအခါမှာလည်း သပြေပင်ပေါ်က ထိုမြွေ၏ အသိုက်လုံးကို မော့ ကြည့်ကြသည်။ လောလောလတ်လတ် ထိုမြွေ ဗိုက်နှင့် ရှပ်ယူလာခဲ့သော ရွှံ့နွံတွေနှင့် လုပ်ထားခဲ့သည့် မြေလုံးအသိုက်ထဲတွင် အပေါ်၌ လောလော လတ်လတ် အစိုတစ်ရစ်ကိုလည်း မြင်ကြရ၏။ ပို၍ ထူးခြားသည်မှာ ဤမြွေသိုက်နီးနားဝန်းကျင်တွင် ပိုးပုရွက်က အစ ကင်းခြေများ၊ ကင်းမြီးကောက်၊ မြွေ၊ ပျား၊ ကင်းသန် စသည် အဆိပ်ရှိသော တောတိရစ္ဆာန်များကို တစ်ကောင်တလေပင် မတွေ့ မမြင် ရခြင်းပင်။ အခြားအရပ်၌မူ ကြိမ်ပုတ်တောတိုင်း၌ မြွေ၊ ပျား၊ ကင်းသန် များကို အရင်ရှင်းပြီးမှ ကြိမ်ခုတ်ကြရခြင်း ဖြစ်၏။ ထို့ကြောင့် ဤမြွေသည် အလွန်အဆိပ်ပြင်းသော မြွေဖြစ်သည်ကို သူတို့ တိရစ္ဆာန်အချင်းချင်းသိ၍ ရှောင်ကြသလို ဦးကြီးထွန်းနှင့် စံသိန်း တို့မှာလည်း ဤမြွေသိုက်ရှိရာ သပြေပင်ကြီးနားက ကြိမ်ပုတ်ကို မခုတ်ရဲ ကြတော့ဘဲ ထိုနေရာနှင့် ဝေးဝေးကို ထွက်လာကြသည်။ ရွာရောက်၍ မုဆိုးဘိုးအေကြီးများကို မေးကြည့်သောအခါ ထိုမြွေ မျိုးကို ‘နဂါးနိုင်မြွေ” ဟု ခေါ်ကြောင်း သိကြရလေသည်။
#creditမုဆိုးတံငါစာပေများပေ့ခ်ျမှကူးယူဖော်ပြသည်
#crd_to_owner_with_respect

image