🔥 ရန်ကုန်မြို့ရဲ့ အစည်ကားဆုံး #ရေကျော်ပွဲစျေး ကျင်းပနေတာ သိပြီးလား.. … ရောက်ပြီးလားဗျို့ .. 🥰
❤️ရေကျော်ပွဲစျေးဆိုတာက…
“ ရန်ကုန်မြို့ရဲ့ အသဲနှလုံးလို့လည်း ပြောလို့ရတယ် ..
😍 ရေကျော်ပွဲစျေးမှာ ကိုယ်ချစ်တဲ့သူတွေနဲ့ ပျော်ရွှင်စရာ အမှတ်တရတွေရှိခဲ့ဖူးတယ်
🔺သူငယ်ချင်းတွေနဲ့ အတူ မုန့်တွေလိုက်ပတ်စားခဲ့ဖူးတယ် ...
ဒီပွဲတော်ကို
ရန်ကုန်မြို့သာမက တစ်ခြားသော မြို့နယ်က လူကြီးလူငယ် သားသားမီးမီးတွေပါ နှစ်စဥ်နှစ်တိုင်း လာရောက်လေ့ရှိတဲ့ ရန်ကုန်ရဲ့ ပွဲတော်တစ်ခု ပါ …
🔺 အခုလိုမျိုး ရေကျော်ပွဲစျေးက မကျင်းပဖြစ်တာ ၄ နှစ်ကျော်ပြီး ထင်တယ် ၊၊ ဒီနှစ်မှာတော့ ရန်ကုန်တစ်မြို့လုံးရောက်နေသလားအောက်မေ့ရလောက်အောင် အရမ်းစည်ကားနေတာပါ ။
🔺 အခု ပြန်ပြီး ကျင်းပတော့ အရင်လိုမျိုး အသက်၀င်ပျော်ရွှင်စရာကောင်းနေဆဲ ၊၊ အမှတ်တရတွေနဲ့ ရေကျော်လမ်းမက ခမ်းနားနေဆဲပါ
❣️ ပွဲတော်ရက်ကတော့ November 22 ရက်မှ 26 ရက်အထိ ၅ ရက်ကျင်းပမယ်လို့ သိရပါတယ် ၊၊��
ကျနော်တို့ ကတော့ ပွဲတော် စစချင်း ရောက်လာလိုက်တာ ....ပါ ၊၊.
အခုနှစ် ရေကျော်ပွဲစျေးမှာ ဘယ်လိုဆိုင်တွေတွေ့ခဲ့ရလဲဆိုတော့ 😍စားစရာ အားဖြင့်တော့ အစုံဘဲ လက်ညိုးထိုးမလွဲ ။
ကစားစရာတွေ မျိုးစုံတယ်
( 🔥 ပွဲတော်က ဓါတ်ပုံရိုက်ရတာ အရမ်းလှတဲ့နေရာလေးမို့ ဓါတ်ပုံအလှသွားရိုက်သူများအတွက်လည်း
🥰 သွားလည်ဖို့ အကြံပေးပါရစေနော် .. )
သွားရောက်လည်ပတ်ချင်တဲ့သူတွေအတွက် ပွဲကျင်းပတဲ့နေရာကတော့
🗺️ Google map မှာ ရေကျော်စျေးလို့ရှာပြီးသွားလို့ရပါတယ် ။
ပုဇွန်တောင်မြို့နယ် အမှတ် ( ၈ ) ရပ်ကွက်မှာပါနော်
#foodinyangon ❤️
#crd

imageimage
+6