8 w - Translate

နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြားပူးပေါင်းဆောင်ရွက်ရေးကို အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့် ဗိုလ်ချုပ်ကြီးမောင်မောင်အေး ဆွေးနွေးခဲ့

ဖီလစ်ပိုင်နိုင်ငံတွင်ကျင်းပသည့် (၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအ စည်းအဝေးတက်ရောက်နေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် နိုဝင်ဘာ ၂၁ ရက်နေ့လည်ပိုင်းက အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့် သီးခြားစီတွေ့ဆုံခဲ့သည်။

ကမ္ဘောဒီးယားဘုရင့်တပ်မတော်၊ ဒု-ကာကွယ် ရေးဦးစီးချုပ်နှင့် ကြည်းတပ်ဦးစီးချုပ် Gen Mao Sophan ၊ ထိုင်းဘုရင့်တပ်မတော်၊ လက် ထောက်ကြည်းတပ်ဦးစီးချုပ် Gen. Wasu Chiemsuk ၊ ဖိလစ်ပိုင်ကြည်းတပ် ဦးစီးချုပ် Lt. Gen Roy M Galido ၊ လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန ဒု-အကြီးအကဲ Maj. Gen Phanseng Bounphan ၊ ဘရူနိုင်းဘုရင့် တပ်မတော်၊ ကြည်းတပ်ဦးစီးချုပ် Bri. Gen Haji Mohammad Shanonnizam bin Sulaiman တို့နှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဥ် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးမြှင့်ဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် ယင်းနေ့ နိုဝင်ဘာ ၂၁ ရက်နံနက်ပိုင်းကလည်း (၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအ စည်းအဝေးသို့တက်ရောက်ခဲ့ရာ အာဆီယံကြည်းတပ်ဦးစီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့်အတူ “Strengthening Partnership and Camaraderie Towards Regional Stability" ခေါင်းစဉ်ဖြင့်ဆွေးနွေး၍ အစည်းအဝေးအပြီး၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲကိုလည်း အာဆီယံကြည်းတပ်ဦးစီးချုပ်များနှင့်အတူ တက်ရောက်ခဲ့သည်။

အဆိုပါ (၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအစည်းအဝေးအား ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးမောင်မောင်အေးမှ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်း(ကိုယ်စား)တက်ရောက်ခဲ့ခြင်းဖြစ်သည်။

image