နိုဝင်ဘာလ၂၂ရက်နိုင်ငံတကာသတင်းတိုများ
၁။အနောက်အုပ်စုနိုင်ငံခေါင်းဆောင်များအနေဖြင့်ရုရှားသမ္မတပူတင်၏လက်တုန့်ပြန်ရန်သတိပေးမှုကိုအလေးအနက်ထားရန်၊ပူတင်သည်ပြောသည့်အတိုင်းလုပ်သူဟုဟန်ဂေရီဝန်ကြီးချုပ်အိုဘန်ကသတိပေးလိုက်သည်။
၂။ဘီလာရုစ်နိုင်ငံ၏အနောက်တောင်အရပ်မှစစ်မျက်နှာလေးခုဖြင့်အနောက်အုပ်စုကကျူးကျော်တိုက်ခိုက်ရန်ကြံစည်နေကြောင်းဘီလာရုစ်နိုင်ငံပိုင်ရုပ်သံကကြေညာသည်။
၃။မြောက်ကိုးရီးယားတပ်များရုရှားဘက်မှဝင်တိုက်ပေးသည့်အတွက်ရုရှားကမြောက်ကိုးရီးယားကိုလေကြောင်းရန်ကာကွယ်ရေးစနစ်နှင့်လေယာဥ်ပစ်ဒုံးကျည်များပေးလိုက်ကြောင်းတောင်ကိုးရီးယားထောက်လှမ်းရေးကပြောသည်။
၄။ဒီနီပရိုကိုပစ်ပြသွားသည့်ရုရှားကအသစ်ထွင်ထားသောထိပ်ဖူးများစွာပါသည့်အိုရိရှစ်နက်တာလတ်ပစ်ဒုံးကျည်တွင်နျူကလီးယားထိပ်ဖူးတပ်ပြီးပစ်ပါကယူကရိန်းနိုင်ငံကိယက်ဗ်မြိုသည်ဒုံးကျည်တစ်စင်းပစ်ရုံဖြင့်ကြေမွပျက်စီးသွားမည်ဟုဓါတုသိပ္ပံပညာရှင်တစ်ဦးကယူကရိန်း၏ရုပ်သံတွင်ပြောလိုက်သည်။
၅။ရုရှား၏ဒုံးကျည်အသစ်ဖြင့်ယူကရိန်းကိုပစ်ခတ်ပြီးနောက်ယူကရိန်းနှင့်နေတိုးကောင်စီသည်နိုဝင်ဘာလ၂၆ရက်တွင်အရေးပေါ်အစည်းအဝေးကျင်းပမည်ဖြစ်သည်။
NOM