8 w - Translate

နိုဝင်ဘာလ၂၂ရက်နိုင်ငံတကာသတင်းတိုများ

၁။အ​နောက်အုပ်စုနိုင်ငံ​ခေါင်း​ဆောင်များအ​နေဖြင့်ရုရှားသမ္မတပူတင်၏လက်တုန့်ပြန်ရန်သတိ​ပေးမှုကိုအ​လေးအနက်ထားရန်၊ပူတင်သည်​ပြောသည့်အတိုင်းလုပ်သူဟုဟန်​ဂေရီဝန်ကြီးချုပ်​အိုဘန်ကသတိ​ပေးလိုက်သည်။

၂။ဘီလာရုစ်နိုင်ငံ၏အ​နောက်​တောင်အရပ်မှစစ်မျက်နှာ​လေးခုဖြင့်အ​နောက်အုပ်စုကကျူး​ကျော်တိုက်ခိုက်ရန်ကြံစည်​​​နေ​ကြောင်းဘီလာရုစ်နိုင်ငံပိုင်ရုပ်သံက​ကြေညာသည်။

၃။​မြောက်ကိုးရီးယားတပ်များရုရှားဘက်မှဝင်တိုက်​ပေးသည့်အတွက်ရုရှားက​မြောက်ကိုးရီးယားကို​လေ​ကြောင်းရန်ကာကွယ်​ရေးစနစ်နှင့်​လေယာဥ်ပစ်ဒုံးကျည်များ​ပေးလိုက်​ကြောင်း​တောင်ကိုးရီးယား​ထောက်လှမ်း​ရေးက​ပြောသည်။

၄။ဒီနီပရိုကိုပစ်ပြသွားသည့်ရုရှားကအသစ်ထွင်ထား​သောထိပ်ဖူးများစွာပါသည့်အိုရိရှစ်နက်တာလတ်ပစ်ဒုံးကျည်တွင်နျူကလီးယားထိပ်ဖူးတပ်ပြီးပစ်ပါကယူကရိန်းနိုင်ငံကိယက်ဗ်မြိုသည်ဒုံးကျည်တစ်စင်းပစ်ရုံဖြင့်​ကြေမွပျက်စီးသွားမည်ဟုဓါတုသိပ္ပံပညာရှင်တစ်ဦးကယူကရိန်း၏ရုပ်သံတွင်​ပြောလိုက်သည်။

၅။ရုရှား၏ဒုံးကျည်အသစ်ဖြင့်ယူကရိန်းကိုပစ်ခတ်ပြီး​နောက်ယူကရိန်းနှင့်​နေတိုး​ကောင်စီသည်နိုဝင်ဘာလ၂၆ရက်တွင်အ​ရေး​ပေါ်အစည်းအ​ဝေးကျင်းပမည်ဖြစ်သည်။

NOM