8 w - Translate

မှတ်ပုံမတင်သည့် ဆန်စပါးသိုလှောင်ရုံများကို လိုအပ်ပါက လုပ်ငန်းလိုင်စင်ယာယီပိတ်သိမ်းသည်အထိ အရေးယူမည်

ပြည်တွင်း၌ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ဆန်စပါးသိုလှောင်ရုံလုပ်ငန်းများ အနေဖြင့်ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံမတင်ပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် အလေးအနက်ထားဆောင်ရွက်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တိုက်တွန်းထုတ်ပြန်ထားသည်။

ဆန်တန်ချိန် (၂၅) နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း (၂၅၀၀) နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူများ မှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်တွင် ထုတ်ပြန်ထားပြီးဖြစ်သည်ဟု ဆိုသည်။

အမိန့်ထုတ်ပြန်ပြီး နှစ်လပြည့်မြောက်သည့်နေ့ရက်တွင် ဆန်စပါးသိုလှောင်ရုံပိုင်ဆိုင်သူသည် မှတ်ပုံတင်ဆောင်ရွက်ခြင်း မရှိပါက စာဖြင့်သတိပေးခြင်း၊ ဆန်စပါးလုပ်ငန်းနှင့် သက်ဆိုင်သော လုပ်ငန်းလိုင်စင်၊ မှတ်ပုံတင်လက်မှတ်၊ လုပ်ကိုင်ခွင့် ယာယီပိတ်သိမ်းခြင်းကို လိုအပ်လျှင် သက်ဆိုင်ရာအစိုးရဌာနက ပြုလုပ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်ခြင်း တို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့သိုလှောင်ရုံမှတ်ပုံတင်ခြင်းမှာ ပြည်တွင်းဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျတင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးနှင့် ဆန်စပါးသိုလှောင်မှုအခြေအနေများကို စနစ်တကျ စာရင်းပြုစု မှတ်ပုံတင်ထားနိုင်ရေး၊ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်ကို ဖော်ဆောင်နိုင်ရေးတိုအတွက် ရည်ရွယ်ကြောင်း သိရသည်။

သိုဖြစ်၍ ဆန်စပါးသိုလှောင်ရုံကို ပိုင်ဆိုင်သူများ အနေဖြင့် အလေးအနက်ထား လိုက်နာဆောင်ရွက်စေရေးအတွက် ထပ်မံအသိပေးကြေညာခြင်းဖြစ်ကြောင်း သိရသည်။

image