သုံးထပ်သားနှင့်ငုံးဥအချိုချက်
လုံးချက်တဲ့ပုံစံလေးပါ။
ငုံးဥကိုကြိုပြုတ်ထားပြီးအခွံ့နွာထားပါ။ သုံးထပ်သားကို ခရုဆီ ပဲငံပြာရည် ကြက်သားမှုန့် သကြား ထောင်းထားသောဂျင်း တို့ဖြင့်နယ်ထားပေးပါ။ ညက်နေအောင်ထောင်းထားသော ကြက်သွန်ဖြူနီဆီသပ် အနံ့မွှေးပြီဆို သုံးထပ်သားထည့် နာနတ်ပွင့် ရေနည်းငယ်ထည့် အုပ်ထားလိုက်။ ၂ရေလောက်ခမ်းပြီဆိုမှ ရေထည့် ကြက်သားမှုန့်အနည်းငယ် မဆလာ ငုံးဥထည့်ပြီး အုပ်ထားလိုက်တော့။ ဆူပြီဆို နံနံပင်လေးအုပ် စားရုံအဆင်သင့် OK 😄😄😄