လာအို-မြန်မာ မဲခေါင်မြစ်ကြောင်းတစ်လျှောက် ကုန်စည်ကူးသန်းသွားလာမှု ဘေးကင်းလုံခြုံမှုရရှိစေရေးအပါအဝင် အခြားပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန်ဆွေးနွေး
မြန်မာ-လာအိုနှစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ မဲခေါင်မြစ်ကြောင်းတစ်လျှောက် အေးချမ်းတည်ငြိမ်မှု ရရှိစေပြီး ပြည်သူများ လှေ/ သင်္ဘောအသုံးပြု၍ ကုန်စည်ကူးသန်းသွားလာမှုတွင် ဘေးကင်းလုံးခြုံမှုနှင့် အဆင်ပြေချောမွေ့မှုရရှိစေရေးတို့အတွက် တာဝန်ရှိသူများတွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယနေ့ နိုဝင်ဘာ ၂၂ ရက်နံနက်ပိုင်းက တာချီလိတ်မြို့တွင် (၁၂)ကြိမ်မြောက်အဖြစ် မြန်မာ-လာအို ဒေသဆိုင်ရာ နယ်ခြားကော်မတီနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့အတွက် မြန်မာနိုင်ငံဘက်မှ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်၏ ခေတ္တစစ်ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး သန့်လှိုင်ဝင်းနှင့် လာအိုနိုင်ငံမှ ဘော်ကဲအိုခရိုင် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးထောင်းခိုင်း ဆီယာလာတ်တို့တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ထို့ပြင် ဆွေးနွေးမှုတွင် နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ တရားမဝင်မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့တို့အား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့လည်း ပါဝင်သည်။
ဆွေးနွေးမှုအပြီးတွင် (၁၂)ကြိမ်မြောက် မြန်မာ-လာအို ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေးသ ဘောတူညီချက်မှတ်တမ်းအား နှစ်နိုင်ငံကိုယ်စားလှယ်ခေါင်းဆောင်များက လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။