-လွမ်းစရာရှိရင် နာစရာနဲ့ ဖြေရမယ်ဆိုလို့
ကျုပ်မှာ လွမ်းစရာလေးကို တယုတယ
လိုက်ရှာ လွမ်းနေရတယ် ။
-တစ်ယောက်တည်းစာပဲ ရှိတဲ့ ငါ့မေတ္တာနဲ့
နှစ်ယောက်တွဲကာ လှည့်စားနိုင်သူ မင်း
ခက်တော့ ခက်နေပြီ ။
-ဝဋ်ကြွေးဆိုရင်လည်း ကျေချင်ပါတယ်
ရေစက်ဆိုရင် ဒီမှာတင် ကုန်ပါရစေတော့ ။
#နေညိုရောင်ခြည်
19.11.2024
