လေးနှစ်ကျော်ရပ်နားထားသည့် ရေကျော်ညစျေးပွဲ ယနေ့ည ပြန်လည်စတင်မည်

နိုဝင်ဘာ ၂၂

ကိုဗစ် ၁၉ ကပ်ရောဂါကာလမှစတင်ကာ လေးနှစ်ဝန်းကျင်ကြာအောင် ရပ်နားထားသည် ရန်ကုန်မြို့ရှိ ရေကျော်ပွဲဈေးကို ယ‌နေ့ (နိုဝင်ဘာ ၂၂ ရက်) တွင် ပြန်လည်ကျင်းပမည်ဟု ဒေသခံပွဲဈေး ကျင်းပရေးကော်မတီများထံမှသိရသည်။

“ဆိုင်ခန်းနေရာတွေကိုမနေ့ကတည်းက အကုန်နေရာချပေးထားပြီးပြီ။ ပွဲတော်ဖွင့်ပွဲကို ဒီနေ့ နိုဝင်ဘာ( ၂၂ )ရက် ညနေမှာအခမ်းအနားနဲ့ဖွင့်မှာပါ” ဟု ဈေးပွဲတော်ကျင်းပရေးကော်မတီဝင်တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်ရှိ နာမည်ကြီး ရေကျော်ပွဲဈေးကို (နိုဝင်ဘာ ၂၂ ရက်မှ ၂၆ ရက်) အထိ (၅)ရက်ကြာ ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ “ရေကျော်ပွဲဈေးကို ၂၂ ရက်ကနေ ၂၆ ရက်နေ့အထိ ၅ ရက်ကြာ လုပ်သွားမှာပါ။ ဒီနှစ်မှာ အမျိုးသားနေ့နဲ့ တွဲပြီး လုပ်တာပေါ့နော်။ ခါတိုင်းနှစ်တွေမှာတော့ သီတင်းကျွတ် ကာလမှာလုပ်နေကျ။ မလုပ်ဖြစ်တာဆိုရင် ၄ နှစ် ကျော်သွားပြီ။ ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ကာလကနေ ၂၀၂၃ ခုနှစ်အထိဖြစ်ပါတယ်။ ယခုနှစ်မှာ ပြန်လည် လုပ်ဆောင်တာဖြစ်ပါတယ်” ဟု ပုဇွန်တောင်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်ရှိ ဆိုင်ခန်းနေရာချထားရေး တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရေကျော်ပွဲဈေးသည် လည်ပတ်သူများပြားသဖြင့် အလွန်စည်ကားသည့်ပွဲဈေးဖြစ်ပြီး လက်ရှိအချိန်၌ ပွဲဈေးတန်းအတွက် ဆိုင်ခန်းနေရာများကို ထုံးစည်းများချကာ နံပါတ်အလိုက် ကြိုတင်ငှားရမ်းမှုများရှိနေကြောင်း နှင့် ပွဲတော်ကျင်းပနေချိန်အတွင်း ရေကျော်လမ်းတစ်ခုလုံးကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

Source - Myanmar News Network

#centralnewsnaypyitaw

image