မင်မင် ငပလီမှာ ကြုံခဲ့ရတဲ့အဖြစ်အပျက်လေးပြောပြမယ်
ငပလီကို မိသားစုလိုက်ခရီးစထွက်ခဲ့ကြတာပေါ့ ခရီးထွက်ဖို့စီစဉ်တုန်းက လေယာဉ်နဲ့သွားရမလား (သို့) ကားနဲ့ပဲသွားရမလားဆိုတာစဉ်းစားကြရင်း ရခိုင်ရိုးတောင်တန်းတွေကို ကားလေးနဲ့ ခရီးထွက်ပြီး ရှုခင်းလေးတွေကြည့်ရင်း သာသာယာယာ ခရီးသွားကြမယ်ဆိုပြီး ဆုံးဖြတ်ခဲ့ကြလေသတည်းပေါ့ကွယ်။ ရန်ကုန်ကစထွက်တော့ မနက်၄နာရီအချိန် ပျော်ပျော်ပါးပါး ဘုရားစာတရားစာလေး စဖွင့်ပြီးခရီးထွက်ခဲ့ကြတာပေါ့။ ငပလီကိုမရောက်ခင် ဂွမြို့ကိုကျော်ပြီး ပင်လယ်စမြင်ရတဲ့ကမ်းသာယာကမ်းခြေကိုစရောက်ရှိလာပါပြီ "အိုးး လှလိုက်တာရေတွေက ကြည်လဲ့ပြာစင်းနေတာပဲ"။ ကမ်းသာယာကိုရောက်တော့နေ့လည် ၁နာရီလောက်ရှိနေတော့ ဒီမှာပဲထမင်းစားနားကြမယ်ဆိုပြီး ခဏနားလိုက်ကြတယ်။ ခရီးတထောက်နားပြီး ၂နာရီကျော် သုံးနာရီနီးပါလောက်ခရီးဆက်လိုက်တာ နောက်ဆုံး ငပလီမှာတည်းမဲ့ ဟော်တယ်ကိုရောက်လာကြတယ်။
ပထမနေ့ - အေးဆေးပဲလျှောက်လည်ကြ ပင်လယ်စာတွေလျှောက်စားလိုက် ရေကူးလိုက်နားလိုက်ပေါ့။
ဒုတိယနေ့ - အာ့မှာတွေ့တာပဲ အာနေ့က ပင်လယ်မှာ ရေဆင်းကူးပြီး ပြန်တက်လာတော့ အချစ်နဲ့ရေကူးကန်မှာဆက်ကူးမယ်ဆိုပြီးကူးကြတယ်၊ ကူးပြီတော့ ရေကူးကန်ဘေးက ဘားလေးမှာ ကြည့်လိုက်တော့ cocktail promotion လေးတွေ့တော့ တစ်ယောက်တစ်ခွက်သောက်ကြမယ်ဆိုပြီး ဘားမှာထိုင်သောက်လိုက်ကြတယ်ပေါ့။ ခဏကြာတော့ မားမားကထမင်းစားဖို့လာခေါ်တော့ ရွာထဲမှာထမင်းသွားစားကြပြီး ပြန်လာတော့ ဟော်တယ်ခန်းထဲမှာဘီယာနဲ့ အေဘီစီလေးရောပြီး ဘောလုံးပွဲကြည့်ရင် အချစ်နဲ့အတူ သောက်ကြတာပေါ့။ ခဏကြာတော့ ဆရာကြီးက cocktail အစွမ်းတွေပြပြီး အိပ်ပျော်သွားလေရဲ့ ကိုယ်ကတော့တစ်ယောက်ထဲကျန်ခဲ့ပြီးဘောလုံးပွဲဆက်ကြည့်နေရင်း နောက် ၅မိနစ်နေတော့ ပွဲကပြီးသွားတယ်။ အာ့တော့မှ တီဗီလေးပိတ်၊ ခေါင်းရင်းကနေ အခန်းမီးအကုန်လုံးကိုလှမ်း ပိတ်လို့ရတဲ့ မီးခလုတ်လေးကိုပိတ်လိုက်ပြီး ခေါင်းရင်း night light မီးလေးကိုပဲချန် မပိတ်ပဲထားလိုက်တဲ့အချိန်မှာ မျက်လုံးကလည်း ခြေရင်းက အဝတ်ဘီဒို ဘေးကို autoရောက်မိသားဖြစ်သွားရော၊ အာ့အချိန် ဘီဒိုဘေးမှာ ဝတ်ရုံအမည်းကြီးခြုံထားတဲ့လူပုံစံတစ်ခုခုက မတ်တပ်ရပ်ပြီး ကျမကို စိုက်ကြည့်နေပါတယ်ရှင်။ ကိုယ်က မသေချာလို့ မီးပြန်ဖွင့် အာ့အရာကြီးက ပြန်ပျောက်သွား၊ မီးပြန်ပိတ်ရင် ပြန်ပေါ်လာ၊ အာ့လိုနဲ့ ၃ခေါက်လောက် ပိတ်လိုက်ဖွင့်လိုက်လုပ်လိုက်တာ နောက်ဆုံးတစ်စုံတစ်ခုဆိုတာ သေချာသွားတော့ စောင်ကြီး ခေါင်းမှူးခြုံ ဘေးကမူးပြီးအိပ်နေတဲ့ ဆရာကြီးနားထိုးပြီးအိပ်တော့တာပဲ။ မနက်မိုးလင်းတော့ ဆရာကြီးက ဒီအခန်းထဲဧည့်သည်ရှိတယ်ဟဆိုပြီးထပြောပါလေရော။ ကျမက ဟာဘာဧည့်သည်လဲဆိုပြီး ပြန်ပြောတော့ ခါတိုင်ပြောနေကြဧည့်သည်ပေါ့ကွာဆိုပြီးပြောလိုက်မှ ကျမညက တွေ့ခဲ့တဲ့ ဧည့်သည်ကို မေတ္တာပို့ပေးမိပါတော့တယ်။ ကြုံရတဲ့ အဖြစ်အပျက်လေးပါပဲ